ခွေးအအုပ်စုရဲ့ အမဲဖျက်စားသောက်တာခံရသည့် သနားစဖွယ် ဒရယ် (ရုပ်သံ)

တကောင်တည်းရေသောက်ဆင်းလာတဲ့ ဒရယ်တကောင်ကို အသားစားခွေးအ အုပ်စုတစုက အမဲဖျက်ဝိုင်းအုံကိုက်ခဲကာ စားသောက်ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို သား ရိုင်းတိရစ္ဆာန်ဆိုင်ရာ ရုပ်သံသတင်းတပုဒ်မှာ မေလ ၃၁ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ၇ ကောင်၊ ၈ ကောင်လောက်ရှိမယ့် အသားစား ခွေးအအုပ်စုဟာ ဒရယ်ဆီကို ဦးတည်လာခဲ့ကြကာ စတင်တိုက်ခိုက်ခဲ့ကြတာကို တွေ့ရပါတယ်။ သာမန်အားဖြင့်တော့ ဒရယ်ဟာ ခွေးအတကောင်ချင်းရဲ့ အရွယ်အစားထက်ကြီးပေမယ့် ခုလိုအုပ်စုဖွဲ့တိုက်ခိုက်ရာမှာတော့ ပြန်လည်မခုခံနိုင်ခဲ့ပါဘူး။ ခွေးအတွေဟာ ရေစပ်က ဒရယ်ကို အတင်းဆွဲကာ တစစီ စတင်ကိုက်ခဲခဲ့ကြချိန်မှာ ဒရယ်က ပြန်ရုန်းခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ နှာရိုးကို ကိုက်ခဲကာ ကမ်းဘက်ဆီ ဆွဲခဲ့ချိန်မှာတော့ မခုခံနိုင်တော့ပဲ ပါသွားခဲ့တာကို ရုပ်သံဗွီဒီယိုထဲမှာ တွေ့ရပါတယ်။ ကမ်းဘက်ကိုရောက်ရှိချိန်မှာတော့ ဆာလောင်နေကြတဲ့ ခွေးအအုပ်စုဟာ ဒရယ် ရဲ့ ဦးခေါင်း၊ ၀မ်းဗိုက်၊ ခြေ၊ လက် အစရှိတဲ့ အစိတ်အပိုင်းတွေကို တစစီအမဲဖျက်စား သောက်ခဲ့ကြတာပါ။ ဒါ့အပြင် ဒီရုပ်သံဖိုင်ထဲမှာပဲ ခွေးအအုပ်စုဟာ တော်ဝက်သိုး တကောင်ကိုလည်း ၀ိုင်းဝန်းကိုက်ဖြတ်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up