A d v e r t i s e m e n t With Us

ရန်ကုန် – မန္တလေး အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်၊ ၁ ဦး သေဆုံး

ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၃၄၀/၄ နှင့် ၃၄၀/၅ ကြား အပြန်လမ်းမှာ ဒီနေ့မနက်အစောပိုင်းက ယာဉ်တစီး မတော်တဆမှု ဖြစ်ပွားခဲ့လို့ လူ ၁ ဦး သေဆုံးသွားပါတယ်။ တိုယိုတာကားဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ Manhole (ရေဆိုးပြွန်ပေါက်) ကို တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါ စုစုပေါင်း ၃ ဦးလိုက်ပါလာပြီး အမျိုးသမီးတဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။ ယာဉ်မတော်တဆမှုကို စကားအင်း အမြန်လမ်းရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်နေပါတယ်။ ဓာတ်ပုံ - Ministry of Construction    

A d v e r t i s e m e n t With Us

More News
Up