၁၀ နှစ်အရွယ်ကလေးငယ် ဓာတ်လိုက်သေဆုံးမှု အငြင်းပွား
DVB
·
June 1, 2016
ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တဦး ဓာတ်လိုက်သေဆုံးမှု အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။
မေလ ၃၁ ရက်နေ့က ရန်ကုန်မြို့ လှိုင်မြို့နယ် (၇) ရပ်ကွက်၊ မယ်ဇီကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ကိုမြတ်မြတ်ကို (အသက် ၁၀ နှစ်) ဓာတ်လိုက်သေဆုံးခဲ့တာပါ။
ဒီနေ့ ဇွန်လ ၁ ရက်နေ့မှာ စတုတ္တတန်းကို စတင်တက်ရောက်ရမှာဖြစ်ပြီး ဓာတ်လိုက်တာ မဟုတ်ဘူးဆိုပြီး အငြင်းပွားတွေ ရှိနေတာပါ။
ဓာတ်လိုက်သေဆုံးတဲ့ ကိုမြတ်မြတ်ကိုရဲ့ အဖိုးဖြစ်သူက “ကိုမြတ်မြတ်ကိုက အိမ်ရှေ့ ရေမြောင်းကို ဖြတ်အကူး ဓာတ်တိုင်ကို ကိုင်မိရာက သေဆုံး သွားတယ်”လို့ ပြောပါတယ်။
လက်ရှိနောက်ဆုံးအခြေအနေကတော့ ဆေးစစ်ချက်ကိုစောင့်နေပြီး လှိုင်မြို့နယ် EPC ကတော့ တာဝန်ယူဖြေရှင်းပေးမယ်လို့ မိသားစုကို ပြောဆိုထားပါတယ်။
သတင်း၊ ဓာတ်ပုံ - ခင်နှင်းဖြူစိုး