A d v e r t i s e m e n t With Us

သမ္မတကို ပုတ်ခတ်စော်ကားမှုဖြင့် တူရကီမယ်ဟောင်း ထောင်ဒဏ် ချမှတ်ခံရ

တူရကီသမ္မတ အာဒိုဝမ်အား ပုတ်ခတ်စော်ကားမှုနဲ့ တူရကီမယ်ဟောင်းတဦးကို တူရကီတရားရုံးက ဆိုင်းငံ့ထောင်ဒဏ် ၁၄ လ ချမှတ်လိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် တူရကီမယ်ဟောင်း မာဗက် ဘူယူစာရက်ခ်ျ Merve Buyuksarac ဟာ အစိုးရအရာရှိကြီးတဦးကို ထိခိုက်စော်ကားစေတဲ့ ရေးသားပြောဆိုမှုကို အင်တာနက်လူမှုကွန်ရက်ပေါ်တင်မှုနဲ့ ပြစ်မှုထင်ရှားခဲ့ပြီး အခုလို ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ်နဲ့ ၂ လ ချမှတ်ခံရတာပါ။ ၂၀၀၆ ခုနှစ်က တူရကီမယ်အဖြစ်ရွေးချယ်ခံရပြီး ၂၀၁၄ ခုနှစ်မှာ သမ္မတကို သရော်ထားတဲ့ နိုင်ငံတော်သီချင်းကို သူ့ရဲ့ Instragram မှာ မျှဝေခဲ့တာပါ။ တူရကီမယ်ကတော့ သမ္မတကို စော်ကားတယ်ဆိုတဲ့ စွဲချက်ကို ငြင်းဆန်ပါတယ်။ သူ့ရဲ့ရှေ့နေကတော့ အမှုကို အယူခံဝင်မှာဖြစ်ပြီး တရားရုံး နောက်တဆင့်တက်မယ်လို့ ပြောဆိုပါတယ်။ ၂၀၁၄ ခုနှစ်က သမ္မတအာဒိုဝန်တက်လာပြီးနောက်ပိုင်း လူ ၂၀၀၀ လောက် သမ္မတကို ပုတ်ခတ်စော်ကားမှုနဲ့ တရားစွဲဆိုခံရပြီး အခုလို တူရကီနိုင်ငံတွင်း လွတ်လပ်စွာပြောဆိုခွင့်အပေါ် ကန့်သတ်မှုကို လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ပြစ်တင်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up