စစ်ကိုင်းသပိတ်အလုပ်သမား ၁၅ ဦးကို ရုံးထုတ်စစ်ဆေး
အောင်ကိုကိုလတ် (နေပြည်တော်)
·
June 1, 2016
စစ်ကိုင်း အလုပ်သမားသပိတ်မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး တရားစွဲဆိုခံထားရသူ ကျန်ရှိ ၁၅ ဦးကို တပ်ကုန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ဇွန်လ ၁ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးပါတယ်။
ရမည်းသင်းအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အလုပ်သမား ၅၁ ယောက်ထဲက ၃၆ ဦးကို နိုင်ငံတော်သမ္မတအမိန့်နဲ့ မေ ၃၁ ရက် နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
သူတို့တွေကို နိုင်တော်အကြည်ညိုပျက်စေမှု ပုဒ်မ အပါအဝင် ပုဒ်မ ၄ ခုနဲ့ တပ်ကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ကျော်လွင်ဦးက တရားလိုပြုလုပ်ပြီး အမှုဖွင့် တရားစွဲဆိုထားခဲ့တာပါ။
ဆွဲဆိုခံထားရတဲ့ ပုဒ်မတွေကတော့ ၁၄၃ (ဥပဒေနဲ့ ဆန့်ကျင်သော အစုအဝေးမှာပါဝင်မှု) - ၁၄၅ (လူစုခွဲရန် အသိပေးနေတာကိုသိလျက်နဲ့ ဥပဒေကိုဆန့်ကျင်တဲ့ အစုအဝေးမှာပါဝင်မှု)- ၁၄၇ (ရုန်းရင်းဆန်ခတ်မှု) - ၅၀၅ (ခ) ( အများပြည်သူ အကျိုးစီးပွားပျက်စေမှု) စတာတွေပဲဖြစ်ပါတယ်။
အောင်ကိုကိုလတ်