A d v e r t i s e m e n t With Us

ကလေးချော့သိပ်သည့် ဖခင်၏ သားချော့ရုပ်သံဖိုင် ရေပန်းစား (ရုပ်သံ)

နယူးဇီလန်နိုင်ငံသား ဖခင်တဦးဟာ သမီးငယ်ကို အမြန်ဆုံး အိပ်ပျော်သွားအောင် ဘယ်လိုချော့သိပ်ခဲ့သလဲဆိုတဲ့ ဗွီဒီယိုဖိုင်တွေကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ လူကြိုက်များ ရေပန်းစားလာခဲ့တယ်လို့ ဒေးလီးအက်ဒ်ဂ်ျ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ How to Dad လို့ အမည်ပေးထားတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ အဆိုပါ အမျိုးသားဟာ သူ့ရဲ့သမီးငယ်ကို ချော့သိပ်ပုံတွေ မျှဝေထားခဲ့တာပါ။ သူ့ရဲ့ နောက်ဆုံးဗွီဒီယိုဖိုင်မှာတော့ တခြားမိဘတွေကို သူတို့ရဲ့ကလေးတွေ အိပ်ပျော်သွားအောင် ဘယ်လိုချော့သိပ်သင့်တယ်ဆိုတာကို အကြံပေးထားပါတယ်။ သူ့ရဲ့သမီးငယ်ဟာ ၁ နှစ်အရွယ်သာ ရှိသေးပြီး အလွယ်တကူ အိပ်ပျော်သွားခဲ့တာမို့ ဒါဟာ သဘာဝလွန် ဖြစ်ရပ်တခုလိုပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ပါဝင်တဲ့ သူ့ရဲ့ မိဘစွမ်းရည်ပြမှုတွေအတွက် မိဘတွေဟာ ချီးကျူးခဲ့ကြပြီး ခုချိန်မှာတော့ ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်အရေအတွက် ၆ သောင်း ၂ ထောင့် ၅ ရာ ရှိခဲ့ပြီလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up