A d v e r t i s e m e n t With Us

ကလေးငယ်ဆံပင်ကိုင်ပြီး ဒယဥ့်တိုက်ဆွဲခေါ်သည့် အိမ်အကူ ဝေဖန်ခံရ (ရုပ်သံ)

ကာတာနိုင်ငံ၊ ဒိုဟာမြို့၊ စာသင်ကျောင်းတခုအနီးမှာ အိမ်အကူ အမျိုးသမီးတဦးဟာ ကျောင်းသူကလေးငယ်တဦးရဲ့ ဆံပင်ကို ဆုပ်ကိုင်ပြီး ဒယာဥ့်ဆွဲခေါ်ခဲ့လို့ ဝေဖန်ခံနေရပါတယ်။ အဲဒီအဖြစ်အပျက်ကို အနီးနား မျက်မြင်တွေ့ရှိသူတဦးက ရုပ်သံဗွီဒီယိုဖိုင်နဲ့ မှတ်တမ်းယူပြီး ယူကျု အင်တာနက်စာမျက်နှာနဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ် မျှဝေခဲ့တာလို့ ခါလိဂ်ျစထရိ(တ်) သတင်းမှာ မေလ ၃၁ ရက်နေ့က ဖော်ပြပါတယ်။ ကလေးငယ်ဟာ အော်ဟစ်နေခဲ့ပြီး အမျိုးသမီးခေါ်ဆောင်ရာ ပါသွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ သတင်းတွေကတော့ လူမမည်ကလေးငယ်ကို ခုလိုပြုမူဆက်ဆံတဲ့ အိမ်အကူ အမျိုးသမီးကို ပြစ်ဒဏ်ပေးသင့်တယ်လို့ ဖော်ပြခဲ့ကြတာပါ။

A d v e r t i s e m e n t With Us

More News
Up