လူသားကဲ့သို့ သွားများပါရှိသည့် ထူးဆန်းငါး ဖမ်းမိ (ရုပ်သံ)
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ပက်တာလူမာမြို့မှာ ငါးဖမ်းသမားတဦးဟာ လူသားတွေလို သွားတွေပါတဲ့ ငါးတကောင်ကို ဖမ်းမိခဲ့တယ်လို့ စီဘီအက်စ်သတင်းမှာ မေလ ၂၈ ရက်နေ့က ဖော်ပြပါတယ်။
ဂျူအန်ဂါလို အမည်ရတဲ့ ငါးဖမ်းသမားဟာ အဲဒီငါးကို ပက်တာလူမာမြို့၊ လူခက်ဆီကန်အတွင်းမှာ ဖမ်းမိခဲ့တာပါ။
သူဖမ်းမိတာဟာ ပါကူငါး အမျိုးအစားဖြစ်ပြီး ငါးမျှားတံမှတဆင့် ရေပေါ်ဆွဲတင်ခဲ့ချိန်မှာ ငါးဟာ ကြိုးကို ဖြတ်တောက်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပါကူငါးတွေဟာ ရေချိုငါး အမျိုးအစားဖြစ်ပြီး ယေဘုယျအားဖြင့် အမေဇုံမြစ်ထဲမှာ တွေ့ရများပြီး ပရင်နာငါးမျိုးစိတ်တမျိုး ဖြစ်ပါတယ်။
ဒီငါးတွေကို အမေရိကန်နိုင်ငံ၊ အလှမွေးငါးဆိုင်တွေမှာ ရောင်းလေ့ရှိပြီး ဒါကို တရားမ၀င်ဘူးလို့ သတ်မှတ်ထားတာပါ။
ဂါလိုဟာ သူဖမ်းမိတဲ့ငါးကို ကယ်လီဖိုးနီးယားပြည်နယ် ငါးနဲ့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာနဆီ ပို့ဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။