မျက်နှာကို ချောကလက်ပိုင်မုန့်ဖြင့် ပစ်ပေါက်ခံရသည့် ဂျာမန်အမျိုးသမီးအမတ် (ရုပ်သံ)

ဂျာမန်အမျိုးသမီးအမတ်တဦးဖြစ်တဲ့ ဆာရာဝဲဂင်းနက်ခ်ျတ်ဟာ မေလ ၂၈ ရက်နေ့က အစည်းအဝေးတခု ကျင်းပနေစဉ်အတွင်း မျက်နှာကို ချောကလက်ပိုင်မုန့်နဲ့ ပစ်ပေါက်တာ ခံခဲ့ရပါတယ်။ သူဟာ ဂျာမနီနိုင်ငံ လက်ဝဲပါတီတခုရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး နိုင်ငံတွင်း လာရောက်ခိုလှုံခွင့်တောင်းတဲ့ ဒုက္ခသည်အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ အစည်းအဝေးတခုမှာ ခုလို ပစ်ပေါက်ခံခဲ့ရတာပါ။ နိုင်ငံတွင်း လာရောက်ခိုလှုံခွင့် တောင်းခံသူတွေကို ကန့်သတ်လက်ခံသင့်တဲ့ဘက်က ရပ်တည်ခဲ့တဲ့ ၀ဲဂင်းနက်ခ်ျတ်ဟာ ဒုတိယမြောက် တိုက်ခိုက်ခံရသူတဦး ဖြစ်လာခဲ့တာပါ။ အဲဒီနေ့က သူဟာ အစည်းအဝေးခန်းမရဲ့ ရှေ့ဆုံးခုံတန်းမှာ ထိုင်နေခဲ့တာဖြစ်ပြီး အဖွင့်စကား ပြောတာကို နားထောင်နေခဲ့ချိန်မှာ အမျိုးသားတဦးက ရုတ်တရက် သူ့မျက်နှာကို ချောကလက်ပိုင်မုန့်နဲ့ ပက်ခဲ့တာ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ရုတ်တရက်ပဲ ပါတီဥက္ကဋ္ဌရဲ့မိန့်ခွန်း ပြတ်တောက်ခဲ့ရကာ သူ့ဆီကို သတင်းထောက်တွေနဲ့ ကင်မရာသမားတွေ ၀ိုင်းလာချိန်မှာ ပါတီတာဝန်ရှိသူတဦးက မရိုက်ဖို့ မေတ္တာရပ်ခံခဲ့ပြီး ဂျာကင်တထည်နဲ့ ဖုံးအုပ်ပေးခဲ့ကြတာပါ။ ချောကလက်ပိုင်နဲ့ မျက်နှာကို ပက်ခဲ့တဲ့ အမျိုးသားဟာ လုံခြုံရေးတွေက တားမြစ်တာကို မငြင်းဆန်ဘဲ အသာတကြည် လက်ခံခဲ့ပါတယ်။ သူဟာ ဖက်ဆစ်ဦးဆောင်မှု ဆန့်ကျင်ရေးအဖွဲ့တခုမှဖြစ်ပြီး ပါတီတွင်းမှာ ၀ဲဂင်းနစ်ခ်ျတ်ရဲ့ ရပ်တည်မှုတွေဟာ သူ့ကို ဒေါသထွက်စေခဲ့တယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up