ယူရိုပြိုင်ပွဲဝင်မည့် အင်္ဂလန်အသင်းတွင် မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် ပါဝင်

ဓာတ်ပုံ - ရိုက်တာ
3.8K
အင်္ဂလန်အသင်းက ရွေးချယ်တဲ့ ဆန်ကာတင် နောက်ဆုံး ၂၃ ဦး ကစားသမားစာရင်းမှာ မန်ယူအသင်းက ဆယ်ကျော်သက် တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ် ပါဝင်လာပါတယ်။
အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သြစတြေးလျကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ လက်ရွေးစင်အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူထားပါတယ်။
အင်္ဂလန်တိုက်စစ်မှာ လီဗာပူးတိုက်စစ်မှူး စတာရစ်၊ မန်ယူက ရွန်နီ၊ စပါးစ်က ဟယ်ရီ ကိန်းနဲ့ လက်ဆက်စတာက ဗာဒီတို့ ပါဝင်လာပေမယ့်လည်း ဒန်နီ ဒရင့်ဝါတားကတော့ ချန်ထားခြင်း ခံခဲ့ရပါတယ်။
နည်းပြ ဟော့ဒ်ဆန်ရဲ့ အင်္ဂလန်အသင်းဟာ လူငယ်ကစားသမား အများစုကို အခြေခံထားပြီး တသင်းလုံးရဲ့ ပျှမ်းမျှအသက်ဟာ ၂၅ နှစ်ဝန်းကျင် ရှိပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲအကြို နောက်ဆုံးပြင်ဆင်မှုအဖြစ် ဇွန်လ ၂ ရက်နေ့မှာ ပေါ်တူဂီအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပါတယ်။