ပခုက္ကူ - ရန်ကုန်ရထား လမ်းချော်မှု ဖြစ်ပွား
DVB
·
June 1, 2016
မေလ ၃၁ ရက်နေ့ ည ၈ နာရီ ၀န်းကျင်လောက်က ကျောက်ပန်းတောင်းမှာ မိုးသည်ထန်းစွာ ရွာသွန်းမှုကြောင့် ပခုက္ကူ-ရန်ကုန် ၆၂ အစုန် အမြန်ရထားတစီး ရလမ်းလမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။
အစုန်အမြန်ရထား စက်ခေါင်းအမှတ် ဒီအက်ဖ် ၂၀၆၆ ဟာ ကျောက်ပန်းတောင်းမြို့ဘူတာကနေအထွက် မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းကူးပေါ်မှာ လမ်းချော်မှု ဖြစ်ပွားခဲ့တာပါ။
လမ်းပေါ်မှာ ရေကျော်ပြီး သဲတွေ ဖုံးလွှမ်းနေတာကြောင့် ရထားစက်ခေါင်းရဲ့ ရှေ့ဘီးတွေ လမ်းချော်ခဲ့တာဖြစ်ပြီး ပျက်စီးထိခိုက်မှု မရှိဘူးလို့ ဒေသခံသတင်းထောက်က ပြောပါတယ်။
ရထားလမ်းချော်လို့ ကားလမ်းယာဉ်ကြော ၃ နာရီလောက် ပိတ်ဆို့မှု ဖြစ်ခဲ့ပေမယ့် ည ၁၁ နာရီလောက်မှာ ဘီးချော်နေတာကို ပြင်ဆင်နိုင်ပြီး ရန်ကုန်ကို ဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။
ဓာတ်ပုံ - အာကာမင်း