Home
မြန်မာသတင်း
ဒေသတွင်းတိုင်းရင်းသားအချင်းချင်းညီညွတ်ရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ တိုက်တွန်း
နန်းမြနဒီ
·
May 31, 2016
13339671_543545962484979_4375621933154993368_n
13335591_543546129151629_3162561493577657652_n
13319901_543546112484964_7266961689710729722_n
13325530_1005162479598227_4187828469919802308_n
ဒေသတစ်ခုတွင်း အတူယှဉ်တွဲနေထိုင်ကြတဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသားတွေအချင်းချင်း စည်းလုံးညီညွတ်ကြဖို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ဒေသခံတွေကို တိုက်တွန်းပြောကြားပါတယ်။ မေလ ၂၉ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်ရှိ ဒေသခံများနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။ ညောင်ရွှေမြို့နယ် အင်းလေးကန်အရှေ့ဘက် ဟိုင်းယကျေးရွာအုပ်စုထဲမှာ ရွာပေါင်း ၃၀ ခန့်ရှိပြီး အဲဒီကျေးရွာတွေဟာ ရှမ်း၊ အင်းသားနဲ့ ပအိုဝ်းတိုင်းရင်းသားတွေ အတူယှဉ်တွဲနေ ထိုင်လျက်ရှိ ပါတယ်။ သူတို့အဖွဲ့ဟာ ဒေသခံရွာသားကိုယ်စားလှယ်တွေရဲ့ ဖိတ်ခေါ်ချက်အရ အဲဒီဒေသကို ရောက်ရှိခဲ့ တာဖြစ်ပြီး လင်လမ်ကျေးရွာနဲ့ လွိုင်ဆတ်ကျေးရွာမှာ ရွာသားများနဲ့ တွေ့ဆုံကာ အတူနေတိုင်း ရင်းသားများ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးကို အဓိကထား ပြောကြားခဲ့တယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ အတိုင်ပင်ခံ စ၀်ပင်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။ “ရွာပေါင်း ဆယ်ရွာလောက်က ရွာသားတွေဟာ ဘုန်းကြီးကျောင်းမှာ လာစုပြီးကျနော်တို့အဖွဲ့ကို ကြိုဆိုတယ်။ ရှမ်းရော၊ ပအိုဝ်းရော၊ အင်းသားရောပါတယ်၊ ဥက္ကဋ္ဌ စ၀်ရွက်စစ်က အာရ်စီအက်စ် အက်စ်ရဲ့ ပေါ်လစီတွေပြောပြတယ်။ ပြီးတော့ ဒေသတစ်ခုထဲအတူနေတဲ့ တိုင်းရင်းသား အချင်း ချင်း ငြိမ်းငြိမ်းချမ်းချမ်း စည်းစည်းလုံးလုံးရှိဖို့ ကတောက်ကဆဖြစ်စရာတွေ ရှိလာရင် ပအိုဝ်း၊ ရှမ်း နဲ့ အင်းတိုင်းရင်းသား ဆက်ဆံရေးရုံးတွေအနေနဲ့ ကူညီညှိနှိုင်းပေးမယ်ပေါ့။ တောင်ကြီးမှာဆို ပီအန်အိုရုံးနဲ့ အာရ်စီအက်စ်အက်စ်ဆက်ဆံရေးရုံးရှိတယ်၊ မိုင်းသောက်မှာ အင်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီရုံးရှိတယ်။ သူ့လူမျိုး ကိုယ့်လူမျိုး စာပေယာဉ်ကျေးမှုဖလှယ်ပြီး ကိုယ့်ကိုယ်ပိုင် စာပေ သင်ကြားဖို့ ရှမ်းစာပေသင်ရိုးညွှန်းတန်းစာအုပ်တွေ လိုအပ်ရင်လည်း လှူးဒါန်းမယ့် အကြောင်း ပြောခဲ့တယ်။” သူ့အနေနဲ့လည်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) အကြောင်းကို ရှင်းပြပြီး နိုင်ငံရေးဆွေးနွေးပွဲမှာ ရှမ်းပြည်တိုင်းရင်းသားတွေအနေနဲ့ ညီညီညွတ်ညွတ် တသံတည်း ထွက်ရေး ဆောင်ရွက်နေကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ တွေ့ဆုံပွဲမှာ ပီအန်အို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဗိုလ်မှူးတဦးကလည်း ရှမ်း၊ ပအိုဝ်း၊ မြန်မာ ၃ ဘာသာနဲ့ ဒေသခံတွေကို ပြန်ဆိုရှင်းပြပေးခဲ့ပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ အရင် ဦးသိန်းစိန်အစိုးရနဲ့ တနိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးတဲ့နောက် ပြည်တွင်းက လူမှုအဖွဲ့အစည်းတွေ ရွာသားတွေနဲ့ မကြာခဏတွေ့ဆုံလျှက်ရှိပြီး ပီအန်အို/ ပီအန်အေကဲ့သို့ ပအိုဝ်းလက်နက်ကိုင်အဖွဲ့နဲ့လည်း ရင်းနှီးချစ်ကြည်စွာ ၀င်ထွက်သွားလာနေ ပါတယ်။ နောက်နောင်လည်း ဖိတ်ခေါ်မှုရခဲ့ရင် အခြား လားဟူ၊ အာခါ၊ လီစူ အစရှိတဲ့ ရှမ်းပြည် တိုင်းရင်းသားတွေနဲ့ သွားရောက်တွေ့ဆုံဖို့ ဆန္ဒရှိကြောင်း စ၀်ပင်ခမ်းက ဒီဗွီဘီကို ပြောသွား ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024