Home
မြန်မာသတင်း
မြန်မာနိုင်ငံ စီးပွားရေးကျဆင်းနေဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်
အောင်ကိုကိုလတ် (နေပြည်တော်)
·
May 31, 2016
13339492_244552369252727_2369587146697046466_n
13310459_244552329252731_2182433163374006328_n
13310388_244552399252724_288511487376247149_n
မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ကျဆင်းနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ သတင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ သတင်းထုတ်ပြန်ချက်ကို မေ ၃၁ ရက်ပါရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး နေပြည်တော် Hilton Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် အဒူလာရေ ဆက်ခ် က “မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှုဟာ မနှစ်က လျော့ကျသွားပေမယ့် မြန်မာနိုင်ငံသားတွေအတွက် အပြောင်း အလဲနဲ့ ဖွံ့ဖြိုးရေးအတွက် အင်အားကောင်းတဲ့ မောင်းနှင်အား တခုအနေနဲ့ တည်ရှိနေပါသေး တယ်”လို့ ပြောပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ၂၀၁၄ - ၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ပျှမ်းမျှ ၈ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၅ - ၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်မှာကတော့ ၇ ရာခိုင်းနှုန်းကို ကျဆင်းခဲ့တာဟာ ရေလျှံခြင်းကြောင့် ရောင်းလိုအားတွင် သက်ရောက်သွားခြင်း၊ ရွေးကောက်ပွဲ ကာလအတွင်း ရင်းနှီးမြှုပ်နှံမှု အသစ်များနည်းပါးခြင်း၊ ပြင်ပအခက်ခဲများနဲ့ ကမ္ဘာ့ကုန်စည် ဈေးနှုန်းကျဆင်း ခြင်းတို့ကြောင့် မြန်မာနိုင်ငံရဲ့ အဓိက ပို့ကုန်လုပ်ငန်းကို ထိခိုက်ခဲ့ပြီးတော့ အခုလို ကျဆင်းခဲ့တာဖြစ်တယ်လို့ ပါရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်မှုမြင့်တက်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ပိုမိုလွယ်ကူချောမွေ့ စေဖို့ဆိုရင် ငွေလဲလှယ်နှုန်း စနစ်တခုတည်ဆောက်ခြင်းအဟာ အဓိကလုပ်ငန်းတခု ဖြစ်တယ်လို့ ပါရှိပါတယ်။ မြန်မာစီးပွားရေး စောင့်ကြည့်အစီရင်ခံစာရဲ့ စောင့်ကြည့်ခြင်းကဏ္ဍက လျှပ်စစ်မီးရရှိရေး၊ နိုင်ငံပိုင် ဘဏ်များပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းတွေက အဓိက ဦးစားပေးတွေ ဖြစ်တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024