ပီရူးမှော်ဆရာအုပ်စု၏ ကိုပါအမေရိကားဖလား ခန့်မှန်းချက် (ရုပ်သံ)

ကိုပါ အမေရိကား ဘောလုံးပြိုင်ပွဲမှာ အာဂျင်တီးနားက ချန်ပီယံ ဖြစ်လိမ့်မယ်ဆိုပြီး ပီရူးက မှော်ဆရာအုပ်စုတစုက ကြိုတင်ဟောကိန်း ထုတ်ထားပါတယ်။ အကြားအမြင်ရပုဂ္ဂိုလ် ၈ ဦးပါတဲ့ အဖွဲ့ဟာ အရိုးခေါင်းတွေ၊ အုန်းလက်တွေ၊ ခရုသင်းတွေနဲ့ နာမည်ကျော် ဘောလုံးသမားတွေရဲ့ ဓာတ်ပုံတွေကို ပတ်လည်မှာ ကခုန်၊ အမွှေးနံ့သာတွေ၊ ဆေးပြင်းလိပ် မီးခိုးတွေနဲ့ ဖျန်းပက် မန်းမှုတ်ပြီးနောက် ကိုပါ အမေရိကားဖလား ချန်ပီယံဟာ အာဂျင်တီးနား ဖြစ်လာလိမ့်မယ်လို့ ဟောကိန်း ထုတ်လိုက်တာပါ။ ရှေ့လကျရင် အမေရိကန် ပြည်ထောင်စုက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ကိုပါ အမေရိကား ဖလားကို မြို့ကြီး ၁၀ မြို့မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အာဂျင်တီးအနားအသင်းဟာ အုပ်စီ ဒီမှာ ချီလီ၊ ဘိုလီးဗီးယား၊ ပနားမားတို့နဲ့ အတူကျရောက်နေပြီး ဇွန်လ ၆ ရက်နေ့ကျရင် အုပ်စုပထမပွဲစဉ်အဖြစ် ချီလီအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up