A d v e r t i s e m e n t With Us

ယူရို ၂၀၁၆ တွင် အဓိကပြိုင်ဘက်အသင်း အီတလီ ဖြစ်လာမည်ဟု ဘယ်လ်ဂျီယံ ကွင်းလယ်လူ ပြော

ဘယ်လ်ဂျီယံအသင်းနဲ့ မန်ချက်စတာစီးတီး အသင်းရဲ့ ကွင်းလယ်ကစားသမား ကာဗင် ဒီ ဘရူနီက ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲမှာ သူတို့အသင်းအတွက် အဓိကပြိုင်ဘက်ဟာ အီတလီအသင်း ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ ယူရို ၂၀၁၆ မှာ ငုပ်ကောင်အသင်း ဖြစ်လာနိုင်မယ်လို့ သတ်မှတ်ခံထားရပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ မေလ ၂၈ ရက်နေ့က ခြေစမ်းပွဲမှာ ဆွစ်ဇာလန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒီတပတ်ထဲမှာ ဖင်လန်၊ နော်ဝေတို့နဲ့ ချစ်ကြည်ရေးပွဲတွေ ဆက်ကစားဖို့ ရှိပါတယ်။ ဘရူနီက သူတို့အသင်းဟာ လက်ရှိအချိန်မှာ ခြေစွမ်းကောင်းနေသလို လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ ဒီထက်ပိုပြီး ကောင်းမွန်လာလိမ့်မယ်လို့လည်း ပြောပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ အုပ်စု အီး မှာ အီတလီ၊ အိုင်ယာလန်၊ ဆွစ်ဇာလန်တို့နဲ့ ကစားရဖို့ ရှိပါတယ်။ အသင်းနည်းပြ မာ့စ် ၀ီလ်မော့စ်က ရှေ့တန်းကစားသမား ၈ ဦး ရွေးချယ်ထားပြီး ဖြစ်ပါတယ်။ အသင်းခေါင်းဆောင်နဲ့ ဗဟိုနောက်ခံလူ ကွန်ပနီကတော့ မန်စီးတီးနဲ့ ရီးယဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ ဒဏ်ရာရခဲ့တဲ့အတွက် ယူရို ၂၀၁၆ ပွဲမှာ မပါဝင်နိုင်ပါဘူး။

A d v e r t i s e m e n t With Us

More News
Up