A d v e r t i s e m e n t With Us

ကျပ် ၂.၈ ဘီလီယံ ငွေစာရင်း ယခင်အစိုးရက မလွှဲခဲ့လို့ ဒေသဖွံ့ဖြိုးရေးမဆောင်ရွက်နိုင်ဟု ဆို

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း
မကွေးတိုင်းဒေသကြီးမှာ ရေနံလက်ယက်တွင်းလုပ်ငန်းရှင်တွေ ဒေသဖွံ့ဖြိုးရေးအတွက် ထည့်ဝင် ထားတဲ့ ငွေကျပ် ၂.၈ ဘီလီယံ ငွေကြေးစာရင်း အရင်အစိုးရက မလွှဲခဲ့လို့ ဒေသဖွံ့ဖြိုးရေး မဆောင်ရွက်နိုင်ဘူးလို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ပြောပါတယ်။ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း မေးမြန်းတဲ့ မကွေးတိုင်းဒေသကြီးအတွင်း ရေနံလက်ယက်တွင်းလုပ်ငန်းရှင်များက ဒေသဖွံ့ဖြိုးရေး အတွက် ထည့်ဝင်ခဲ့သော ငွေကျပ် ၂.၈ ဘီလီယံခန့်ရှိကြောင်း ကြားသိခဲ့ရာ ၎င်းရန်ပုံငွေတွေကို အစိုးရသစ်သို့လွှဲ၊ မလွှဲနှင့် လွှဲခဲ့သည်ဆိုပါက မည်သည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အမျိုးအစားများ လုပ်ကိုင်မည်ကို သိရှိလိုခြင်းနှင့်ပတ်သက်တဲ့ ကြယ်ပွင့်ပြမေးခွန်းအပေါ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်းက ဖြေကြားရာမှာ အခုလိုပြောဆိုခဲ့တာပါ။ “ယခင် မကွးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လုပ်ငန်း ဆောင်ရွက်ချက်မှတ်တမ်းတွင် တစုံတရာဖော်ပြထားခြင်း မရှိပါကြောင်း၊ အဆိုပါရေနံလက်ယက် တွင်း လုပ်ငန်းရှင်များမှ ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေထည့်ဝင်ခဲ့သည့် ငွေကြေးနှင့် စာရင်း ဇယားတို့ကို လွှဲအပ်ခဲ့ခြင်းမရှိသဖြင့် အဆိုပါထည့်ဝင်ငွေများနှင့် ပတ်သက်၍ မည်သည့်ဒေသ ဖွံ့ဖြိုးလုပ်ငန်းကိုမျှ ဆောင်ရွက်နိုင်မည်မဟုတ်ပါ။” အဆိုရှင် မေးမြန်းချက်နဲ့ပတ်သက်ပြီး ငွေကျပ် ၂.၈ ဘီလီယံကို ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေ ထည့်ဝင်ခဲ့ရမှု မရှိတာကို အစိုးရအဖွဲ့အနေနဲ့ သိရပြီး အရင်အစိုးရအဖွဲ့က ရန်ပုံငွေမည်မျှရရှိပြီး မည်ကဲ့သို့သုံးစွဲခဲ့သည်ကို မသိရတဲ့အတွက် အသေးစိတ်ခိုင်လုံသော အချက်အလက်များရရှိဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up