လမ်းမပေါ်မှ တွင်းနက်ကြီးထဲ ဘိလပ်မြေတင်ကားတစီး ထိုးကျ (ရုပ်သံ)
Published By
DVB | 31 May, 2016
2.8K
0
Share
0
Comment
0
Likes
တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဇီကျန်းခရိုင်၊ ကျန်တိုင်းမြို့ လမ်းမပေါ်မှာ မေလ ၃၀ ရက်နေ့က တွင်းနက်ကြီးတခု ရုတ်တရက်ဖြစ်ပေါ်လာပြီး ဘိလပ်မြေတင်ကားတစီး ထိုးကျခဲ့ပါတယ်။
စီစီတီဗွီသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ကုန်တင်ကားကြီးဟာ အဆိုပါတွင်းကြီးထဲ ထိုးကျသွားခဲ့တာကို တွေ့ရပါတယ်။
ယာဉ်မောင်းသူကတော့ ဒဏ်ရာအနည်းငယ်သာ ရရှိပြီး အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒေသတွင်း တာဝန်ကျ ရဲတွေဟာ ယာဉ်ကို ကယ်တင်နိုင်ဖို့ လာရောက်ခဲ့ကြပြီး လမ်းကို အခိုင်အမာ ပြန်လည်ပြုပြင်နိုင်ဖို့ စီစဉ်နေကြတယ်လို့ ဆိုပါတယ်။