A d v e r t i s e m e n t With Us

မန္တလေး-မိုးကုတ်လမ်းမကြီး ရေကျော်၊ ကားနှင့် ဆိုင်ကယ်များ ရာနှင့်ချီ ပိတ်မိ

မန္တလေတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွင်းတဲ့အတွက် ညောင်ဝန်း ကျေးရွာ ဘေးမှာရှိတဲ့ မန္တလေး-မိုးကုတ်လမ်းမကြီးမှာ ဒီနေ့ မနက်ပိုင်းက ရေကျော်နေပြီး ကားတွေနဲ့ ဆိုင်ကယ်တွေ ရာနဲ့ချီပြီး ပိတ်မိနေပါတယ်။ ရေစီးအားပြင်းထန်မှုကြောင့် ပိတ်မိနေတဲ့ကားတွေကို ကရိန်းကားတွေ၊ ထွန်စက်တွေနဲ့ သယ်ယူ နေရပြီး ဆိုင်ကယ်တွေကိုလည်း ကားကြီးတွေနဲ့ တင်ဆောင်ကာ သယ်ယူနေရပါတယ်။ သယ်ယူရာမှာ ဘေးနားမှာရှိတဲ့ ကျေးရွာများမှ လူအငှားနဲ့သယ်ယူရပြီး ကားတစင်းကို ၅၀၀၀ ကျပ်နဲ့ ဆိုင်ကယ်တစင်းကို ၂၀၀၀ ကျပ်ပေးကာ သယ်ယူရတယ်လို့ လမ်းမှာကားပိတ်နေသူ ကိုအောင်ကိုမင်းက ဒီဗွီဘီကိုပြောပါတယ်။ အခုလို လမ်းကြောပိတ်မိနေတဲ့အပေါ် ဒေသခံအာဏာပိုင်များအကူညီကိုတော့ သွားလာရခက်ခဲ နေတဲ့ ကားပိုင်ရှင်တွေနဲ့ ဆိုင်ကယ်ပိုင်ရှင်တွေက မျှော်လင့်နေကြပါတယ်။ (သတင်း - ရန်နိုင်စိုး)

A d v e r t i s e m e n t With Us

More News
Up