A d v e r t i s e m e n t With Us

ရဲကို ၀တ္တရားနှောင့်ယှက်မှုဖြင့် ပီအက်စ်ဂျီ နောက်တန်းကစားသမား ဖမ်းဆီးခံရ

ဆာဂျီအိုယေး။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
ပီအက်စ်ဂျီ နောက်တန်းကစားသမား ဆာ အိုယေး (Serge Aurier) ကို မေလ ၃၀ ရက်နေ့က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ရဲအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ရဲကို ၀တ္တရားနှောင့်ယှက်တဲ့အတွက် အဖမ်းခံရတာလို့ ဒေသ သတင်းတွေမှာ ဖော်ပြပါတယ်။ အိုင်ဗရီကို့စ်က အသက် ၂၃ နှစ်အရွယ် ဘောလုံးသမားဟာ အရုဏ်မတက်ခင် နိုက်ကလပ်တခုက အပြန်မှာ ရဲနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တယ်လို့ Europe 1 ရေဒီယိုက ကြေညာပါတယ်။ အိုယေးဟာ အသင်းနည်းပြကို ရိုင်းပြ စော်ကားတဲ့အတွက် ဖေဖော်ဝါရီလလယ်ကလည်း ဘောလုံးကစားခွင့် ဆိုင်းငံ့ခံခဲ့ရဖူးပါတယ်။ နည်းပြ ဘလန့်နဲ့ တခြား အသင်းဖော်တွေကို စော်ကားထားတဲ့ ဗွီဒီယိုကို အွန်လိုင်းပေါ် တင်ခဲ့တဲ့နောက် နည်းပြက အိုယေးကို ဘောလုံးကစားခွင့် ဆိုင်းငံ့ခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up