စက်လှေကားအောက်ညပ်ပြီး ပိတ်မိခဲ့သည့် အလုပ်သမားတဦးကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ချောင်ကျင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မေလ ၃၀ ရက်နေ့က အလုပ်သမားတဦးဟာ စက်လှေကားအောက်မှာ ညပ်ပြီး ပိတ်မိနေခဲ့တဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်တင်ခဲ့ရပါတယ်။ သူဟာ စက်လှေကား ပြုပြင်ထိန်းသိမ်းရေး အလုပ်သမားတဦးဖြစ်ကာ အဲဒီနေ့ နေ့လယ်ပိုင်းက စက်လှေကား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေခဲ့တာပါ။ စက်လှေကားဟာ လျှပ်စစ်ဆက်သွယ်မှု ပြတ်တောက်ခဲ့လို့ အစပိုင်းမှာ အလုပ်မလုပ်နိုင်ခဲ့တာလို့ သိထားခဲ့ရပြီး အဆိုပါအလုပ်သမားဟာ ဘာကြောင့် ခုလိုညပ်ပြီး ပိတ်မိနေခဲ့တယ်ဆိုတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။ ဒေသတွင်း ကယ်ဆယ်ရေးသမားတွေက အခင်းဖြစ်ပွားတဲ့နေရာဆီ အလျှင်အမြန် လာရောက်ခဲ့ကြပြီး ပိတ်မိနေခဲ့တဲ့ အလုပ်သမားကို ဆွဲထုတ်ကယ်တင်ခဲ့ကြတာကို စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အဆိုပါအလုပ်သမားဟာ ဒဏ်ရာတွေ အများအပြား ရရှိထားပြီး ဘာကြောင့်ဖြစ်ရတယ် ဆိုတာကို လက်ရှိမှာတော့ မမေးမြန်းနိုင်သေးဘူးလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up