Live
Home
မြန်မာသတင်း
လင်းဇင်းကုန်းရှိ ထိုင်းဘုရင့် အုတ်ဂူဟောင်း ထိန်းသိမ်းပြုပြင်မှု ယာယီရပ်ဆိုင်း
DVB
·
May 31, 2016
အမရပူရမြို့နယ် လင်းဇင်းကုန်း သုသာန်ဟောင်းရှိ ထိုင်းဘုရင် အုတ်ဂူဟောင်းကို ပြန်လည် ထိန်းသိမ်းပြင်ဆင်တဲ့ အစီစဉ်ကို မေ ၃၁ ရက်ကစပြီး ယာယီရပ်နားရမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။ ထိုင်းဘုရင့်အုတ်ဂူကို လေ့လာနေတဲ့ သမိုင်းပညာရှင်တချို့ရဲ့ ဝေဖန်ထောက်ပြမူကြောင့် ထိုင်းဘုရင့်အုတ်ဂူကို ပြန်စစ်ဆေးဖို့ တိုင်းဝန်ကြီးချုပ်က မေလလယ်မှာ သမိုင်းပညာရှင်၊ သာသနာရေးဦးစီးဌာန၊ ထွေအုပ်၊ မြို့မိမြို့ဖနဲ့ ရှေးဟောင်းသုတေသနအဖွဲ့ကို ပြန်လည် စစ်ဆေးဖို့ ဖွဲ့စည်းလိုက်ပါတယ်။ ပြန်စစ်ရမယ့် အကြောင်းက ထိုင်းဘုရင့် အရိုးပြသာဒ် ဟုတ် မဟုတ် ခေတ်မှီနည်းပညာနဲ့ စစ်ဆေးဖို့၊ ရှေးဟောင်းစေတီကို ပြုပြင်မွန်းမံ သင့် မသင့်၊ ယဉ်ကျေးမူ အမွေနှစ် ဥပဒေနဲ့ ညီ မညီ၊ နှစ်နိုင်ငံ ချစ်ကြည်ရေးညီညွတ်ရေးအတွက် ခွင့်ပြုသင့်မသင့်ဆိုတဲ့ အချက်တွေ ပါဝင်ပါ တယ်။ ထိုင်းဘုရင့်အရိုးတွေ အုတ်ဂူဟောင်းကို ၂၀၁၄ ခု ဖေဖော်ဝါရီလလယ်ကတည်းက တွေ့ရှိခဲ့တာပါ။ ထိုင်းဘုရင့်အုတ်ဂူ မြေနေရာ အတွင်းနှင့် အပြင်မှာ နှစ်ပေါင်း ၂၀၀ နီးပါးရှိတဲ့ ဘုရင်ခေတ် သုံးခေတ်မှအုတ်ရိုးတွေ အဲ့ဒီအုတ်ရိုးက ဆင်ဖြူရှင်မင်းလက်ထက်၊ ဘိုးတော်ဘုရားလက်ထက်နှင့် ဘကြီးတော်ဘုရား လက်ထက်ကတည်းက တည်ရှိခဲ့ပြီး အုတ်ရိုးအရှည်မှာ ၇ မိုင်ကျော် လောက်ရှည်တာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် ဗိသုကာပညာရှင်တချို့က တွေ့ရှိပုံ တချို့ကို ပြောပါတယ်။ လက်ရှိမှာတော့ ဥဒုမ္မရ ယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့က ထိန်းသိမ်းပြုပြင်နေတာဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024