A d v e r t i s e m e n t With Us

ချင်း​ပြည်နယ်အစိုး​ရက ​ဒေသခံများ​ကို အဓမ္မလုပ်အား​ပေး​ခိုင်း​စေ

ချင်း​ပြည်နယ်ထဲမှာ အ​ထွေ​ထွေအုပ်ချုပ်​ရေး​ရုံး​ တာဝန်ရှိသူ​တွေနဲ့​ အစိုး​ရစစ်တပ်​တွေက ​ဒေသခံပြည်သူ​တွေကို အဓမ္မလုပ်အား​ပေး​ခိုင်း​စေ​နေတယ်လို့​ ချင်း​လူ့​အခွင့်​အ​ရေး​အဖွဲ့​က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ ချင်း​ပြည်နယ် ဖလမ်း​၊​ ဟား​ခါး​နဲ့​ ထန်တလန် စတဲ့​ မြို့​နယ်​တွေက ဝန်ထမ်း​အပါအဝင် ​ဒေသခံ​တွေနဲ့​ ​ကျောင်း​သား​တွေ အဓမ္မလုပ်အား​ပေး​စေခိုင်း​ခံ​နေရတာ​တွေကို စုစည်း​ပြီး​ ပြည်ပအ​ခြေစိုက် ချင်း​လူ့​အခွင့်​အ​ရေး​အဖွဲ့​က ထုတ်ပြန်လိုက်တာပါ။ ပြီး​ခဲ့​တဲ့​ ဇူလိုင်လ ၁၉ ရက်ကစပြီး​ စ​နေ​နေ့​တိုင်း​ စည်ပင်သာယာနဲ့​ အစိုး​ရဧည့်​ဂေဟာ ပြုပြင်​ရေး​လုပ်ငန်း​တွေမှာ လုပ်အား​ပေး​ခိုင်း​စေ​နေတယ်လို့​ အစီရင်ခံစာမှာ ​ရေး​ထား​ပါတယ်။ လုပ်အား​မ​ပေး​တဲ့​သူ​တွေကို ဒဏ်​ငွေ ၃၀၀၀ ​ဆောင်ခိုင်း​သလို ဝန်ထမ်း​ထဲက ပျက်ကွက်ပါက လစာအဖြတ်ခံရမယ်လို့​ ခြိမ်း​ခြောက်ခဲ့​ကြောင်း​ ​ပြောပါတယ်။ ဒါ့​အပြင် ဟား​ခါး​အ​ခြေစိုက် အစိုး​ရတပ်ရင်း​ ခလရ ၂၆၆ ကလည်း​ တပ်​ရွှေ့​ ​ပြောင်း​ရေး​မှာ ​ကျောင်း​သား​တွေကို လုပ်အား​ပေး​ခိုင်း​စေတယ်လို့​ ​ပြောပါတယ်။ မေလတုန်း​ကလည်း​ ဖလမ်း​မြို့​နယ်က ရွာသား​တွေဟာ လုံလဲန်အ​ခြေစိုက် ခလရ ၂၆၉ နယ်လှည့်​စစ်​ကြောင်း​မှာ စစ်တပ်ပိုင် ပစ္စည်း​တွေကို ထမ်း​ပိုး​ပေး​ခဲ့​ရတာ​တွေကို တင်ပြထား​ပါတယ်။ ချင်း​လူ့​အခွင့်​အ​ရေး​အဖွဲ့​ရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဆလိုင်း​ ဇအုပ်လိန်း​က “အစိုး​ရအသစ်လည်း​ တက်လာပြီ။ သူတို့​က တရား​ဥပ​ဒေ စိုး​မိုး​ရေး​၊​ လူ့​အခွင့်​အ​ရေး​ ကာကွယ်​ပေး​ရေး​ ဆိုပြီး​ပြောတာ​တွေနဲ့​ လုပ်​ဆောင်ချက်​တွေ တူညီ​စေချင်ပါတယ်။ ချင်း​ပြည်နယ်မှာ ပြည်သူ​တွေ ငတ်မွတ်​ခေါင်း​ပါး​မှုနဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေ ကြုံ​တွေ့​နေရ​တော့​ အများ​ကြီး​ အခက်အခဲ ရှိတယ်။ ချင်း​ပြည်နယ်မှာ အာဏာအရှိဆုံး​ဖြစ်တဲ့​ ဦး​ဟုန်ငိုင်း​ က​နေ ​ကောင်း​မွန်တဲ့​ လုပ်ရပ်​တွေနဲ့​ နမူနာပြသင့်​တယ်။ အစိုး​ရသစ်က ဘယ်လိုစိတ်ထား​ရှိတယ်ဆိုတာ ပြသင့်​တယ်” လို့​ ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up