A d v e r t i s e m e n t With Us

အိန္ဒိယတွင် ကိုယ်အလေးချိန် ၁၅ ပေါင်ရှိသည့် မိန်းကလေးတဦး မွေးဖွား

ပြီးခဲ့တဲ့တပတ်က အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ၁၅ ပေါင်ရှိတဲ့ မိန်းကလေးတဦးကို မွေးဖွားခဲ့တဲ့အတွက် အိန္ဒိယနိုင်ငံမှာ အကြီးဆုံး မွေးကင်းစကလေးလို့ ယုံကြည်နေကြပါတယ်။ နိုင်ငံတောင်ပိုင်းက ကာနာတကာပြည်နယ်မှာ အသက် ၁၉ နှစ်အရွယ် ဆီးချိုရောဂါရှင် မိခင်က ဗိုက်ခွဲမွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ၆ လအရွယ် သာမန်ကလေးတဦးရဲ့ အလေးချိန်ဖြစ်နေတဲ့အတွက် ဘယ်လိုကြောင့် ကလေးက အဲ့လောက်ကြီးရလဲဆိုတာကို ဆရာဝန်တွေက စစ်ဆေးနေကြပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ အကြီးဆုံး မွေးကင်းစကလေးဆိုတာ သေချာပေါက်ပြောနိုင်ပေမယ့် ကမ္ဘာမှာ အကြီးဆုံးဖြစ်မဖြစ်ကတော့ သေချာမသိသေးဘူးလို့ ဒေသခံ ဆရာဝန်တဦးက ပြောပါတယ်။ ပုံမှန် အိန္ဒိယမွေးကင်းစကလေးတဦးက အရပ် ၅၀ စင်တီမီတာပဲ ရှိတဲ့အချိန်မှာ အခုကလေးက ၆၂ စင်တာမီတာ ရှိတဲ့အတွက် အရပ်လည်း ထူးထူးခြားခြား ရှည်တယ်လို့ ဆိုပါတယ်။ မိခင်ရော၊ ကလေးပါ ကျန်းမာကြတယ်လို့လည်း ဆရာဝန်တွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up