A d v e r t i s e m e n t With Us

သေဆုံးနေသည့် သူတောင်းစားအဖိုးအို၏ ဘဏ်စာရင်းတွင် ဘတ်ငွေ ၂ သန်းနီးပါးရှိ

ဓာတ်ပုံ - mthai.com
ထိုင်းနိုင်ငံ အလယ်ပိုင်း ဆမွတ်ဆာခွန်းခရိုင် ကုတ်ကလတ်မြို့နယ်မှာ ငွေ ၂ သန်းနီးပါးရှိတဲ့ လေလွင့်သူတောင်းစားအဘိုးအိုတဦးအလောင်းကို တာဝန်သိပြည်သူတွေက တွေ့ရှိခဲ့ပါတယ်။ အသက် ၈၅ နှစ်ရွယ်ရှိ နိုင်းပန် အနိုမာ ဆိုသူ အဖိုးအိုဟာ အရပ်ထဲလှည့်လည်နေတဲ့ သူတောင်း စားတဦးဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကတော့ ဘုန်းကြီးကျောင်းဝင်းထဲ သေဆုံးနေတဲ့ သူ့အလောင်းကို တွေ့ရှိခဲ့တာလို့ အမ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ အဖိုးအို သေဆုံးစဉ်က သူ့ရဲ့ ခန္ဓာကိုယ်မှာ ငွေသား ၁၂,၄၂၅ (ဘတ်တသောင်းနှစ်ထောင် လေးရာ့နှစ်ဆယ့်ငါးဘတ်)ကို တွေ့ရသလို သူအိပ်တဲ့အခန်းထဲမှာလည်း ငွေစာရင်းစာအုပ် တအုပ် တွေ့ရပြီး အထဲမှာ ဘတ်ငွေ ၂ သန်းနီးပါး စုဆောင်းထာတာ တွေ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သူ့ရဲ့အလောင်းကို ချက်ချင်းမသင်္ဂြိုဟ်သေးဘဲ သက်ဆိုင်ရာဆွေမျိုးတွေအနေနဲ့ လာရောက် ဆက်သွယ်ဖို့ တာဝန်ရှိသူတွေက ကြေညာထားပေမယ့် မနေ့အထိ ရောက်မလာသေးဘူးလို့ ဆိုပါတယ်။ ၃၀ ရက်နေ့မနက်မှာတော့ အဘိုးအိုရဲ့ အိမ်ထောင်စုဇယားစာအုပ်ကနေတဆင့် သားဖြစ်သူဟာ ချင်းမိုင်ကို ရွှေ့ပြောင်းသွားကြောင်း သဲလွန်စရခဲ့ပြီး  အဖိုးအိုရဲ့အလောင်းကို လာရောက်သင်္ဂြိုဟ် ပြီး ကျန်ရစ်တဲ့အမွေကို စီမံခန့်ခွဲဖို့ အသိပေးကြော်ငြာထားတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up