ကားဖြင့်ဖြတ်ကြိတ်ခံရသော်လည်း ကြီးကြီးမားမား မထိခိုက်ခဲ့သည့် ကလေးငယ် (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျန်းဆုခရိုင်၊ ဇူကျိုးမြို့ ဟင်းသီးဟင်းရွက် ဈေးတခုအနီးမှာ လမ်းလျှောက်တတ်စ ကလေးငယ်တဦးဟာ လမ်းဘေးမှာ ကစားနေချိန် မီနီဗင်ကားတစီးက သတိမမူမိဘဲ နောက်ပြန်ဆုတ်ပြီး ကွေ့ခဲ့ချိန်မှာ ဖြတ်ကြိတ်ခံခဲ့ရပါတယ်။ အဲဒီကလေးငယ်ဟာ ယောက်ျားလေးတဦးဖြစ်ကာ အသက် ၂ နှစ်အောက် အရွယ်သာ ရှိသေးပြီး အဆိုပါ မီနီဗင်ရဲ့နောက် လမ်းဘေးမှာ ကစားနေခဲ့တာပါ။ ကားဟာ ကလေးရှိနေတာကို သတိမမူမိခဲ့ဘဲ တိုက်မိခဲ့ပြီး ကလေးငယ်က လဲကျခဲ့တာပါ။ လဲကျနေတဲ့ ကလေးငယ်ပေါ်ကို ကားက တက်ကြိတ်မိခဲ့ပြီး ကားအောက် ရောက်သွားချိန်မှ ကားက တုံ့ရပ်သွားခဲ့ပါတယ်။ လမ်းမပေါ် လမ်းချော်နေခဲ့တာကို ကျေးဇူးတင်ရမလိုပါပဲ။ ကလေးငယ်ဟာ အရှိန်ကြောင့် တွန်းမိခဲ့သလိုဖြစ်ပြီး မီတာအနည်းငယ်လောက် ရွေ့သွားခဲ့ရတာပါ။ အဲဒီအချိန်ကျမှ အနီးနားမှာ စကားစမြည် ပြောဆိုနေကြတဲ့ မိဘတွေဟာ ကလေးငယ်ကို ကားအောက်က ဆွဲထုတ်ဖို့ ကြိုးစားခဲ့ကြရတာပါ။ ဒါပေမယ့် ကလေးငယ်မှာ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာတွေမရှိဘဲ ဆေးရုံတခုဆီ ပို့ဆောင်ထားခဲ့ရတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ရဲတွေကတော့ မိဘတွေအနေနဲ့ မိမိကလေးငယ်ကို တချိန်လုံး ကြည့်ရှုနေသင့်တယ်လို့ သတိပေးလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up