ရဟတ်ယာဉ်ပေါ်မှ ခုန်ဆင်းပြီး လေထဲပျံဝဲ စတန့််ထွင်စွမ်းရည် ပြသ (ရုပ်သံ)
စတန့်သမား ဂျက်ဘ်ကောလစ်စ်ဟာ မေလ ၂၉ ရက်နေ့က တရုတ်နိုင်ငံရဲ့ နာမည်ကျော် မဟာရံတံတိုင်းပေါ်ကို ရဟတ်ယာဉ်တစင်းပေါ်ကနေ ခုန်ချပြီး ပျံဝဲကာ စတန့်ထွင် စွမ်းရည်ပြသခဲ့ပါတယ်။
အသက် ၄၀ နှစ်ရှိပြီဖြစ်တဲ့ ဂျက်ဘ်ဟာ လေးသည်တော်တဦးရဲ့ပုံစံ ၀တ်စုံကို ၀တ်ဆင်ထားခဲ့ကာ ရဟာတ်ယာဉ်ပေါ်ကနေ လေထဲကို ရုတ်တရက် ခုန်ဆင်းပြခဲ့တာပါ။
“လူသားတွေရဲ့ သမိုင်းမှာ လေးပစ်တယ်ဆိုတာ ရှေးအကျဆုံး ပြိုင်ပွဲပုံစံတမျိုး ဖြစ်ပါတယ်။ ဒါကို လူတွေဟာ နှစ်ထောင်ချီ အသုံးပြုခဲ့ကြပြီးပါပြီ။ ကျနော်ကတော့ ဒီအတတ်ပညာကို ယနေ့ခေတ်ဆီကို ပြန်သယ်ဆောင်လာတာပေါ့” လို့ ဂျက်ဘ်က ပြောပါတယ်။
ဂျက်ဘ်ဟာ ဒီစတန့်စွမ်းရည်ပြမှုကို လေထုအခြေအနေ မကောင်းခဲ့လို့ တရက်နောက်ဆုတ်ခဲ့ရတာပါ။
သူက “လေထုအနေအထား မကောင်းတာက အသက်အန္တရာယ် ရှိစေတယ်လေ” လို့ ပြောပါတယ်။