A d v e r t i s e m e n t With Us

တမိုင်ခရီးကို ၃ မိနစ်အတွင်း ပန်းဝင်နိုင်သည့် ပထမဆုံး ၀ှီးချဲ အပြေးသမား

ဓာတ်ပုံ - ရိုက်တာ
ဗြိတိန်က မသန်စွမ်းချန်ပီယံ ဒေးဗစ်ဝီယာ (David Weir) ဟာ ၁ မိုင်ခရီးကို ၃ မိနစ်အတွင်းမှာပဲ ပန်းဝင်နိုင်တဲ့ ပထမဆုံး ၀ှီးချဲ အပြေးသမား ဖြစ်လာပါတယ်။ ၀ီယာဟာ လန်ဒန်မာရသွန်မှာ ချန်ပီယံ ၆ ကြိမ် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ လန်ဒန်မှာ ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့က ကျင်းပတဲ့ ၀က်မင်စတာ မိုင် (Westminster Mile)  ပြိုင်ပွဲမှာ ၀ီယာက ၂ မိနစ် ၅၇ စက္ကန့်နဲ့ ပန်းဝင်နိုင်ခဲ့တဲ့အတွက် အရင်က သူ့ရဲ့စံချိန်ထက် ၆ စက္ကန့် စောပြီး စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ လက်ရှိ သူ့အသက် ၃၆ နှစ်မှာ ကမ္ဘာ့စံချိန်သစ် တင်နိုင်တဲ့အတွက် ၀မ်းသာကျေနပ်တယ်လို့ ပြိုင်ပွဲအပြီးမှာ ၀ီယာက ပြောပါတယ်။ ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်သလို လေ့ကျင့်တဲ့အချိန်ကတည်းကလည်း သူ့ကိုယ်သူ အားရကျေနပ်ခဲ့တယ်လို့ ၀ီယာက ပြောပါတယ်။ ၀ီယာဟာ ၀က်မင်စတာမိုင် ပြိုင်ပွဲမှာ ၂၀၁၃၊ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တို့မှာလည်း အနိုင်ရခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up