ရေနုတ်မြောင်းတွင်း ပြုတ်ကျခဲ့သည့် ဆင်ပေါက်ကလေးကို ကယ်တင် (ရုပ်သံ)
Published By
DVB | 30 May, 2016
3.1K
0
Share
0
Comment
0
Likes
သီရိလင်္ကာနိုင်ငံ ဆိပ်ကမ်းတခုမှာ ရေနုတ်မြောင်းထဲ ပြုတ်ကျခဲ့တဲ့ ဆင်ကလေးကို ကယ်ဆယ်ရေး လုပ်သားတွေနဲ့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့တွေက ကယ်တင်ခဲ့ကြရပါတယ်။
အဲဒီဆင်ကလေးဟာ ဟာဘန်တိုတာဆိပ်ကမ်းအနီး ရေနုတ်မြောင်းထဲ ပြုတ်ကျခဲ့တာဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ မေ ၂၉ ရက်နေ့က ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဆင်ပေါက်ကလေးကို မထိခိုက်စေဖို့အတွက် အလုပ်သမားတွေဟာ ဂရုတစိုက်နဲ့ အင်အားသုံးကာ ရေနုတ်မြောင်းရဲ့ အပေါ်ဖုံးကို မတင်ခဲ့ကြတာ တွေ့ရပါတယ်။
ဆင်ပေါက်ကလေးဟာ ခြေထောက်တချောင်းကျိုးနိုင်တဲ့ အလားအလာရှိပြီး လက်ရှိမှာတော့ ဆေးကုသမှု ခံယူနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။