A d v e r t i s e m e n t With Us

တရုတ်တောင်ပိုင်းတွင် ဆိုးဆိုးရွားရွားမြေပြိုမှု ရုပ်သံမှတ်တမ်း

တရုတ်နိုင်ငံတောင်ပိုင်းမှာ ကျန်ခဲ့တဲ့ရက်တွေအတွင်း မိုးကြီးခဲ့လို့ မြေပြိုမှုကပ်ဘေး အတော်များများ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း ကွမ်းရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဟာချီမြို့မှာ ဆိုးဆိုးရွားရွား မြေပြိုနေပုံကို မေ ၂၉ ရက်နေ့က ဖြတ်သွားဖြတ်လာတယောက်က သူ့လက်ကိုင်ဖုန်းနဲ့ မှတ်တမ်းတင် ရိုက်ကူးခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာ လမ်းနားက တောင်ငယ်တလုံး ရုတ်တရက် မြေပြိုကျလာပုံကို ရုပ်သံက မှတ်တမ်းတင်ထားပါတယ်။ မြေပြိုချိန်မှာ ဗင်ကားအသေးတစီးနဲ့ မော်တော်ဆိုင်ကယ်တစီး အနားကနေ ဖြတ်မောင်းသွားခဲ့ပါတယ်။ ဒီမြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာရမှု အစီရင်ခံတာတော့ မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up