A d v e r t i s e m e n t With Us

မက္ကဆီကို တိုက်စစ်မှူး ပြန်ပေးဆွဲခံရ

ဓာတ်ပုံ - အေအက်ဖ်ပီ
ဂရိကလပ် အိုလံပီယာကော့စ် ဘောလုံးအသင်းက မက္ကဆီကို တိုက်စစ်မှူး အလန်ပူလီဒို ပြန်ပေးဆွဲခံထားရတယ်လို့ အာဏာပိုင်တွေက မေ ၂၉ ရက်နေ့က ပြောပါတယ်။ မက္ကဆီကိုနိုင်ငံ အရှေ့မြောက်ပြည်နယ်ထဲက တမ္မူလီပက်စ်ပြည်နယ် သူ့ရဲ့ဇာတိမြို့ စီအူဒဒ် ဗစ်တိုးရီယားမြို့မှာ မေ ၂၈ ရက်နေ့ ညပိုင်းက ပြန်ပေးဆွဲခံလိုက်ရတယ်လို့ ဆိုပါတယ်။ မက္ကဆီကိုနိုင်ငံ ကိုယ်စားပြု ဘောလုံးအသင်းမှာ တိုက်စစ်မှူးဖြစ်တဲ့ အလန်ပူလီဒိုဟာ ပျော်ပွဲစားပါတီတခုကနေ အပြန်မှာ လက်နက်ကိုင်ထားတဲ့သူတွေက ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ ဆိုပါတယ်။ အသက် ၂၅ နှစ်အရွယ် ဘောလုံးသမားကို ပိုက်စိပ်တိုက် ရှာဖွေနေတယ်လို့ ပြည်နယ်အစိုးရက သတင်းထောက်တွေကို ပြောပါတယ်။ တမ္မူလီပက်စ်ပြည်နယ်ဟာ မက္ကဆီကိုမှာ အကြမ်းဖက်မှုတွေ ထူပြောတဲ့ဒေသ ဖြစ်ပါတယ်။ ပူလီဒိုဟာ ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားတုန်းကလည်း မက္ကဆီကိုအသင်းရဲ့ တိုက်စစ်မှူးအဖြစ် ကစားခဲ့သလို ဂရိက လီဗာဒီယာကော့စ်အသင်းနဲ့ မက္ကဆီကိုကလပ် တီဂရီစ် အသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up