ယူရို ၂၀၁၆ အကြိုခြေစမ်းပွဲတွင် နာမည်ကြီး ဂျာမနီအသင်း ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)
Published By
DVB | 30 May, 2016
6.5K
0
Share
0
Comment
0
Likes
ယူရို ၂၀၁၆ အကြိုခြေစမ်းပွဲအဖြစ် ဂျာမနီနဲ့ ဆလိုဗက်ကီးယားအသင်းတို့ မေလ ၂၉ ရက်ညက ယှဉ်ပြိုင်ရာ ဆလိုဗက်ကီးယား အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီဟာ အခုအထိ လေးပွဲကစားခဲ့ရာမှာ သုံးပွဲရှုံးထားပါတယ်။
ပွဲအပြီးမှာ ဂျာမနီနည်းပြ ဂျိုအာချင်လိုက သူ့အသင်းရဲ့ ကစားပုံမှာ အချိတ်အဆက် မမိဘူးလို့ ၀န်ခံပါတယ်။
ဆလိုဗက်ကီးယားနဲ့ပွဲမှာ နည်းပြက အဓိက ကစားသမားတွေဖြစ်တဲ့ သောမတ်စ်မူလာ၊ မာကိုရူးစ်၊ ဂိုးသမား မန်နူရယ် နူအာတို့ကို ထုတ်မသုံးခဲ့ဘဲ လူငယ်ကစားသမားတွေကို ပွဲထုတ်ခဲ့ပါတယ်။
ဂျာမနီအသင်းဟာ ဇူလိုင်လ ၄ ရက်နေ့ကျရင် ဟန်ဂေရီအသင်းနဲ့ ကစားဖို့ ရှိပါတယ်။
ယူရို ၂၀၁၆ မှာတော့ ဂျာမနီအသင်းဟာ အုပ်စု စီမှာ ယူကရိန်း၊ ပိုလန်၊ မြောက်အိုင်ယာလန်တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။