A d v e r t i s e m e n t With Us

ယူရို ၂၀၁၆ မိတ်ဆက် – ခြေစွမ်းထက် လူငယ်ကစားသမားများနဲ့ အင်္ဂလန်အသင်း

ဓာတ်ပုံ - အင်္ဂလန်အသင်းဖေ့စ်ဘွတ်ခ်။
ဘောလုံးသမိုင်းတလျှောက် အစဉ်အလာကြီးမားတဲ့ အင်္ဂလန်အသင်းဟာ ဒီနှစ် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲမှာတော့ ဝေးလ်၊ ရုရှား၊ ဆလိုဗက်ကီးယား အသင်းတွေနဲ့ အုပ်စု ဘီ မှာ တအုပ်စုတည်း ကျနေပါတယ်။ အင်္ဂလန်ဟာ ဥရောပဖလား သမိုင်းတလျှောက်မှာ ကြီးကြီးမားမား အောင်မြင်မှုရထားတာ မရှိသေးပါဘူး။ အမြင့်ဆုံးအနေနဲ့ ၁၉၆၈ ခုနှစ်က တတိယနေရာရရှိပြီး ၁၉၉၆ ခုနှစ်မှာ ဆီးမီးဖိုင်နယ်အဆင့်ကို အမြင့်ဆုံး ရရှိခဲ့တာကလွဲရင် ဆုဖလား ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိပါဘူး။ အင်္ဂလန်အသင်းရဲ့ အလေ့အထအတိုင်း ကလပ်အသင်းတွေမှာ ခြေစွမ်းပြ ကစားကြတဲ့ ကစားသမားတွေဟာ နိုင်ငံအသင်းမှာဆိုရင် ထူးထူးခြားခြား ခြေစွမ်းပြနိုင်လေ့ မရှိပါဘူး။ ဒါပေမယ့်လည်း အခုနှစ်မှာတော့ သက်ဆိုင်ရာကလပ်တွေမှာ ခြေစွမ်းပြနေတဲ့ စပါးက ဟယ်ရီကိန်းနဲ့ အလီ၊ လက်ဆက်စတာက ဗာဒီ၊ လီဗာပူးက လယ်လာနာ၊ မန်ယူက ရွန်နီ၊ စမောလင်းနဲ့ ရပ်ရှ်ဖို့ဒ်တို့လို ကစားသမားတွေ ပါတဲ့အတွက် လူကြိုက်များတဲ့ အသင်းတသင်း ဖြစ်နေဆဲပါ။ အင်္ဂလန်အသင်းဟာ ခြေစစ်ပွဲ အုပ်စုပွဲစဉ်တွေမှာ ၁၀ ပွဲကစားပြီး ၁၀ ပွဲစလုံး အနိုင်ရလဒ်နဲ့ ရှုံးပွဲမရှိ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့တာကြောင့် ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတသင်း ဖြစ်ပါတယ်။ သွင်းဂိုးဟာလည်း ၃၁ ဂိုးထိ ရှိခဲ့တဲ့အတွက် တိုက်စစ်ပိုင်း အားကောင်းတဲ့အသင်းလို့လည်း ပြောလို့ရသလို ခံစကြောင်းကလည်း တောင့်တင်းပါတယ်။ အသင်းခေါင်းဆောင်ရွန်နီဟာ နိုင်ငံအသင်းမှာ ၁၀၉ ပွဲ ကစားပေးထားပြီး သွင်းဂိုး ၅၁ ဂိုး သွင်းပေးထားပါတယ်။ အင်္ဂလန်အသင်းရဲ့ လူငယ်ကြယ်ပွင့်တွေထဲက တဦးဖြစ်တဲ့ ဟယ်ရီကိန်းကတော့ ယူရို ၂၀၁၆ မှာ ပုံမှန်နေရာတနေရာရဖို့ ရှိနေပါတယ်။ သူဟာ အင်္ဂလန်အသင်းအတွက် ၁၁ ပွဲ ကစားပြီး ၅ ဂိုး သွင်းယူပေးထားခဲ့ပါတယ်။ ဂိုးသွင်းစွမ်းရည်ထက်မြက်ပြီး တဦးချင်းထိုးဖောက်နိုင်စွမ်းရှိတဲ့ ဟယ်ရီကိန်း  ယူရို ၂၀၁၆ မှာရော ဂိုးတွေ ဆက်သွင်းနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပါ။ နည်းပြအနေနဲ့ဆိုရင် ရွိုင်းဟော့ဆန်ဟာလည်း စွမ်းဆောင်ရည်မြင့်မားတဲ့ နည်းပြတဦး မဟုတ်ပါဘူး။ အင်္ဂလန်ကလပ်အသင်း အများစုကို ကိုင်တွယ်ခဲ့ဖူးပေမယ့် အောင်မြင်မှုမရှိခဲ့သလို ဖင်လန်အသင်း၊ ဆွဇ်ဇာလန်အသင်းနဲ့ ယူအေအီးအသင်းတို့ကို ကိုင်တွယ်ခဲ့တာမှာလည်း အားရဖွယ်မရှိခဲ့ပါဘူး။ အင်္ဂလန်အသင်းကို သူကိုင်တွယ်ခဲ့တဲ့ ၄၉ ပွဲမှာ ၂၉ ပွဲနိုင်၊ ၁၃ ပွဲသရေနဲ့ ၇ ပွဲရှုံးရလဒ် ရရှိထားပါတယ်။ အင်္ဂလန်အသင်းရဲ့ အုပ်စုတွင်း အဓိကပြိုင်ဘက်ကတော့ ရုရှားအသင်းပါ။ ဒါပေမယ့် အုပ်စုအနေအထားအရ ယေဘုယျ အုပ်စုချောင်တယ်လို့ ပြောလို့ရပြီး နောက်တဆင့် ရှုံးထွက်အဆင့်ကို  အခက်အခဲမရှိ တက်ရောက်သွားနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ပဏာမလူစာရင်း (အပြောင်းအလဲရှိနိုင်သည်) ဂိုး- ဂျိုးဟတ်(မန်စီးတီး)၊ ဖော်စတာ(ဆောက်သမ်တန်)၊ ဟီတွန်(ဘန်လေ) နောက်တန်း- ကာဟေးလ်(ချယ်ဆီး)၊ စမောလင်း(မန်ယူ)၊၊ ဝေါ်ကာ(စပါး)၊ ကလင်း(လီဗာပူး)၊ ဂျွန်စတုန်း(အဲဗာတန်)၊ ဒန်နီရို့စ်(စပါး)၊ ဘာထရန်(ဆောက်သမ်တန်) အလယ်တန်း- မီလ်နာ(လီဗာပူး)၊ ၀ီလ်ရှီးယား(အာဆင်နယ်)၊ ဟန်ဒါဆန်(လီဗာပူး)၊ လယ်လာနာ(လီဗာပူး)၊ ဘာကလေ(အဲဗာတန်)၊ အဲရစ်ဒိုင်ရာ(စပါး)၊ စတာလင်(မန်စီးတီး)၊ အလီ(စပါး)၊ တောင်းဆန်(နယူးကာဆယ်)၊ ဒရင့်ဝါးတား(လက်စတာ)၊ ဖာဘီရန်ဒဲ့လ်ဖ် (မန်စီးတီး) ရှေ့တန်း- အသင်းခေါင်းဆောင် ရွန်နီ(မန်ယူ)၊ ဗာဒီ(လက်စတာ)၊ စတာရစ်ခ်ျ(လီဗာပူး)၊ ဟယ်ရီကိန်း(စပါး)၊ ရပ်ရှ်ဖို့ဒ်(မန်ယူ) အုပ်စုပွဲစဉ် ဇွန် ၁၂ အင်္ဂလန်- ရုရှား ဇွန် ၁၆ အင်္ဂလန်-ဝေးလ် ဇွန်၂၁ အင်္ဂလန်-ဆလိုဗက်ကီးယား

A d v e r t i s e m e n t With Us

More News
Up