A d v e r t i s e m e n t With Us

လူမျိုးရေး ပဋိပက္ခ မဖြစ်စေရန် တအာင်းအဖွဲ့အစည်းများ မေတ္တာရပ်ခံ

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့မှာ မေ ၂၈ ရက်နေ့က တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် - (တီအန်အယ်လ်အေ) ကို ရှမ်းလူထုတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့အပေါ် လူမျိုးရေးပဋ္ဋိပက္ခ မဖြစ်အောင် သည်းခံကြဖို့ တအာင်းအဖွဲ့အစည်းတွေက သဘောထား ထုတ်ပြန် မေတ္တာရပ်ခံ လိုက်ပါတယ်။ ရှမ်းနဲ့ တအာင်းလူမျိုးတွေဟာ ရှေးပဝေသဏီကတည်းက အတူယှဉ်တွဲနေထိုင်လာခဲ့သလို လက်ရှိ နိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေးတွေကြောင့် ဒဏ်ကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရပြီး နေရပ်စွန့်ခွာ စစ်ဘေးရှောင်ဘဝကို အတူတူ ရောက်နေရတယ်လို့ တအာင်း အမျိုးသမီး အဖွဲ့အစည်းနဲ့  တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။ ဒါဟာ စစ်မှန်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်နိုင်ငံ မရရှိသေးတာကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တအာင်းပြည်သူတွေအနေနဲ့ သဘောထားကြီးဖို့၊ လူမျိုးရေး ပဋ္ဋိပက္ခဖြစ်ပွားစေမယ့် လုပ်ရပ်၊ အပြောအဆိုတွေ မလုပ်ကြဖို့၊ ရှမ်းလူထုနဲ့ မူလအတိုင်း ချစ်ချစ်ခင်ခင် ပေါင်းသင်းဆက်ဆံကြဖို့ မေတ္တာ ရပ်ခံပါတယ်။ ဒါ့အပြင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးကလည်း တိုက်ပွဲတွေ၊ ပြည်တွင်းစစ်တွေ အမြန်ဆုံး ချုပ်ငြိမ်းအောင် ကြိုးစားမှာဖြစ်ပြီး ဒေသခံ တိုင်းရင်းသားလူမျိုးအချင်းချင်း မေတ္တာတရားနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပေါင်းသင်း ဆက်ဆံနေဖို့ မေလ ၂၈ ရက်က ထုတ်ပြန်ချက်နဲ့ ပန်ကြားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up