လေးနှစ်သားကလေးကို ဆွဲသည့် မျောက်ဝံကို ပစ်သတ် (ရုပ်သံ)

5.2K
အမေရိကန်နိုင်ငံမှာ မျောက်ဝံလှောင်အိမ်ထဲကို မတော်တဆပြုတ်ကျခဲ့တဲ့ လေး နှစ်အရွယ် ကလေးငယ်ကို ကယ်တင်ဖို့အတွက် လှောင်အိမ်တွင်းက မျောက်ဝံကို ပစ်သတ်ခဲ့ရပါတယ်။
အိုဟိုင်းယိုပြည်နယ်၊ ဆင်ဆင်နတီမြို့က တိရစ္ဆာန်ဥယျာဉ်တခုထဲက လှောင်အိမ်ထဲကို ကလေးငယ်ဟာ မတော်တဆကျခဲ့ပြီးနောက်မှာ မျောက်ဝံဟာ လှောင်အိမ်ဘေး ကျုံးအတွင်းရေထဲမှတဆင့် တရွတ်တိုက်ဆွဲခေါ်သွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
မျောက်ဝံကြီးဟာ အလေးချိန်ပေါင် ၄၀၀ လောက်ရှိပြီး ကလေးငယ်ရဲ့ အခြေအနေဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရဖွယ်ရှိနေတဲ့အတွက် ခုလိုပစ်သတ်ခဲ့ရတာလို့ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက ပြောပါတယ်။
ကလေးငယ်ရဲ့ အခြေအနေကတော့ စိုးရိမ်စရာမရှိဘူးလို့ မျှော်လင့်ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။