A d v e r t i s e m e n t With Us

မယ်တော်ဆေးခန်းအသစ်အတွက် ရန်ပုံငွေ ပန်းချီပြပွဲ

မဲဆောက်မြို့က မယ်တော်ဆေးခန်းသစ် ဖွင့်ပွဲအတွက် ရန်ပုံငွေ ပန်းချီပြပွဲအခမ်းအနားကို မေ ၂၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ရန်ပုံငွေ ပန်းချီပြပွဲနာမည်ကို Giving Hands လို့ နာမည်ပေးထာပြီး ပြည်တွင်းက နာမည်ကြီး ပန်းချီဆရာတွေနဲ့ နယ်စပ်ဒေသက ပန်းချီဆရာစုစုပေါင်း ၄၅ ယောက်ရဲ့ ရေဆေး၊ ဆီဆေးနဲ့ အခရိုင်းလစ်ပန်းချီကား စုစုပေါင်း ၅၁ ကားကို ပြသထားပါတယ်။ ပန်းချီကားဈေးနှုန်းတွေကတော့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀၀ ကနေ အများဆုံး ၄၀၀၀ အထိသတ်မှတ်ထားပြီး၊ ပြပွဲအတွင်း ပန်းချီကား ရောင်းရငွေတွေအားလုံးကို မယ်တော် ဆေးခန်းအတွက် ရာနှုန်းပြည် လှူ ဒါန်းသွားမှာဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပက ပန်းချီအနုပညာရှင်တွေအနေနဲ့ တတ်မြောက်ထားတဲ့ ပန်းချီပညာနဲ့ မယ်တော်ဆေးခန်း ရန်ပုံငွေအတွက် ပူးပေါင်းပါဝင်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ပြပွဲမှာ မရောင်းခဲ့ရတဲ့ ပန်းချီကားတွေကိုလည်း မယ်တော်ဆေးခန်းက လူနာဆောင်တွေနဲ့ စာကြည့်တိုက်တွေမှာ ထပ်မံ ချိတ်ဆွဲ ပြသထားမှာဖြစ်ပါတယ်။ မယ်တော်ဆေးခန်း အသစ်ကို မေလ ၂၉ ရက်နေ့မှာ ပြောင်းလဲဖွင့်လှစ်မှာ ဖြစ်ပါတယ်။ မယ်တော်ဆေးခန်း ရန်ပုံငွေအတွက် အခုလိုပန်းချီပြပွဲတွေကို ထပ်မံစီစဉ်ပြုလုပ်မှာဖြစ်ပြီး၊ ပြည်တွင်း၊ ပြည်ပ ပန်းချီပညာရှင်တွေကလည်း တက်အားသရွေ့ ပါဝင်အားဖြည့်ကြမှာ ဖြစ်ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ဉာဏ်စိုး  

A d v e r t i s e m e n t With Us

More News
Up