မြွေခံတွင်းမှ သွားများကို ဇာဂနာဖြင့် စွန့်စားနှုတ်ပြခဲ့သည့်ရုပ်သံ ရေပန်းစား (ရုပ်သံ)

ဆော်ဒီအမျိုးသားတဦးဟာ ဇာဂနာကို အသုံးပြုပြီး၊ မြွေတကောင်ရဲ့ ခံတွင်းထဲမှ သွားတွေကို တချောင်းချင်းနုတ်ပြခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ကြည့်ရှုသူပရိသတ်တွေကို ဆွံ့အ ထိတ်လန့်သွားစေနိုင်ခဲ့ပါတယ်။ ယူကျူ့ အင်တာနက်စာမျက်နှာပေါ်မှာ ဒီရုပ်သံဗွီဒီယိုဖိုင်ကို တင်ခဲ့တာဖြစ်ပြီး၊ အဆိုပါ အမျိုးသားဟာ မြွေကို ဦးခေါင်းမှ ဆတ်ကနဲဖမ်းယူညှစ်ထားခဲ့ကာ ဇာဂနာနဲ့ သွားတချောင်းချင်း စီကို စိမ်ပြေနပြေ နှုတ်ပြခဲ့တာပါ။ အဲဒီနောက်မှာတော့ သူဟာ မြွေရဲ့ပါးစပ်ကို ဂလူးနဲ့ကပ်ကာ ပိတ်ပစ်ခဲ့တာကို ရုပ်သံ ဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဒီအမျိုးသားရဲ့ အပြုအမူဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာ ကြည့်ရှုသူတွေ များပြားလာခဲ့တယ်လို့ ဆာဒါသတင်းစာမှာ ဒီကနေ့ ဖော်ပြပါတယ်။ ၀င်ရောက်ကြည့်ရှုသူတဦးက ဒါဟာ ရက်စက်တဲ့ အပြုအမူအဖြစ် ဝေဖန်ပြစ်တင်ခဲ့ပြီး တခြားသူတဦးကတော့ အဆိပ်ရှိတဲ့မြွေကို ခုလိုနှိပ်စက်မယ့်အစား သတ်ပစ်သင့်တယ်လို့ မှတ်ချက်ရေးခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ ဘယ်နေရာမှာ ရိုက်ယူခဲ့တယ် ဆိုတာကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up