Home
မြန်မာသတင်း
အထည်ချုပ်သမ သုံး​ဦး​ နစ်နာ​ကြေး​အတွက် စက်ရုံကို တရား​စွဲ
အေးနိုင်
·
September 7, 2011
ရန်ကုန်မြို့​က အထည်ချုပ်သမ (၃) ဦး​ဟာ သူတို့​အလုပ်လုပ်တဲ့​ အထည်ချုပ်စက်ရုံကို တရား​စွဲမယ်လို့​ ကာယကံရှင်​တွေက ​ပြောပါတယ်။ မနှစ် နှစ်လယ်ပိုင်း​မှာ အလုပ်ဆင်း​ဖို့​အသွား​ ကား​မှောက်ဒဏ်ရာရမှုကို အလုပ်ရှင်ဘက်က မကူညီမှု​တွေ၊​ သက်ဆိုင်ရာက လျစ်လျူရှုမှု။ ခြိမ်း​ခြောက်မှု​တွေကို ခံရပြီး​တဲ့​နောက် သူတို့​သုံး​ဦး​က စက်ရုံကို တရား​စွဲဆိုဖို့​ပြင်ဆင်​နေကြတာပါ။ အဲဒီအလုပ်သမသုံး​ဦး​က​တော့​ ညာဘက်​ခြေဖမိုး​ကျိုး​သူ မ​ဝေ​ဝေသင်း​၊​ ညာဘက်ညှပ်ရိုး​ကျိုး​တဲ့​ မချိုချိုလွင်နဲ့​ အစာအိမ်ထိတဲ့​ မမြင့်​မြင့်​ထွေး​တို့​ ဖြစ်ပါတယ်။ အခင်း​ဖြစ်ပွား​ပုံမှာ မနှစ်နှစ်လယ်ပိုင်း​က ရန်ကုန်တိုင်း​ ထန်း​တပင်မြို့​နယ် မ​ငေး​စု​ကျေး​က အလုပ်သမား​ ၂၂ ဦး​စီး​နင်း​တဲ့​ ဖယ်ရီကား​ဟာ ​တောင်ဒဂုံမြို့​သစ် စက်မှုဇုန် ၁ မှာရှိတဲ့​ အက်စ်ဂျီအိုင် အထည်ချုပ်စက်ရုံကိုအသွား​ တိမ်း​မှောက်ရာက စပါတယ်။ ဒဏ်ရာရသူ​တွေကို ရန်ကုန်ပြည်သူ့​ဆေး​ရုံကြီး​က ​ရောက်​ရောက်ချင်း​ ​ဆေး​ကု​ပေး​ပေမယ့်​ စက်ရုံတာဝန်ရှိသူ​တွေက ​ဆေး​ရုံက​နေ ​မောင်း​ထုတ်ခဲ့​တယ်လို့​ မ​ဝေ​ဝေသင်း​က ​ပြောပါတယ်။ “အရပ်သူ အရပ်သား​တွေက ကယ်ပြီး​တော့​ ​ဆေး​ရုံကိုသွား​ပို့​ပေး​တယ်။ အက်စ်ဂျီအိုင် ကုမ္ပဏီက လူကြီး​တွေ မ​ရောက်လာခင်တုန်း​က ​ဆေး​ရုံကလူ​တွေက အား​လုံး​က ​အေး​အေး​ဆေး​ဆေး​ပဲ။ အက်စ်ဂျီအိုင် လူကြီး​တွေ​ရောက်လာပြီး​တော့​မှ အကုန်လုံး​ကို ​ဆေး​ရုံမဆန့်​ဘူး​ဆိုပြီး​ ​အော်ဟစ်ပြီး​ တွန်း​လှည်း​ပေါ်မှာ ပက်လက်ဖြစ်​နေတဲ့​ ကျမတို့​တွေကို ​မောင်း​ထုတ်တယ်။ ကျမဆိုရင် နှစ်ကြိမ်တိုင်တိုင် ဆွဲထုတ်ခံရတယ်။ ​ဘေး​နား​မှာ အက်စ်ဂျီအိုင်က လူကြီး​တွေရှိ​ပေမယ့်​ ​ဆေး​ကု​ပေး​ဖို့​ တ​ယောက်မှ ကူမ​ပြော​ပေး​ဘူး​။ ကား​လာပြီ၊​ ပြန်လို့​ရပြီပဲ​ပြောတယ်၊​ ပြန်ခဲ့​ရတယ်။” အစာအိမ်ထိတဲ့​ မမြင့်​မြင့်​ထွေး​ဟာ အခင်း​ဖြစ်တဲ့​နေ့​ ​ဆေး​ရုံက အိမ်အ​ရောက် ညဘက် သတိသုံး​ခါလစ်လို့​ ​ဆေး​ရုံကြီး​ကို ပြန်သွား​တဲ့​အခါ ​ဆေး​သွင်း​ပေး​ပြီး​ မနက်ကဖြစ်တဲ့​ စက်ရုံကား​မှောက်မှုမှာ ပါတယ်ဆိုတဲ့​အတွက် ​ဆေး​ရုံက ထပ်မံ​မောင်း​ချခဲ့​တယ်လို့​ ဆိုပါတယ်။ “တာဝန်ရှိတဲ့​လူ​တွေက ချက်ချင်း​ဆင်း​ခိုင်း​တယ်။ မဆင်း​ရင် အထက်လူကြီး​တွေက ဆူပါလိမ့်​မယ်​ပြောလို့​ မြင့်​မြင့်​ထွေး​က ရန်ကုန်​ဆေး​ရုံကြီး​မှာ ကတ်ထူခင်း​ပြီး​ အိပ်ခဲ့​ရတယ်။” ဆေး​ရုံရက်ချိန်း​တွေမှာလည်း​ စက်ရုံတာဝန်ရှိသူ​တွေက ကား​မစီစဉ်​ပေး​လို့​ ဒဏ်ရာရရှိသူ​တွေ ကိုယ့်​စရိတ်နဲ့​ကိုယ် ကုသကြရပါတယ်။ ဒါ့​အပြင် ဒဏ်ရာမသက်သာလို့​ ရုံး​ချိန်း​ဆင့်​ခေါ်ရာမှာ မသွား​နိုင်တဲ့​ မ​ဝေ​ဝေသင်း​နဲ့​ မချိုချိုလွင်တို့​ကို ပြီး​ခဲ့​တဲ့​မေလမှာ အာဏာပိုင်​တွေက လက်ထိတ်တန်း​လန်း​နဲ့​ ထန်း​တပင်တရုံး​ကို အတင်း​ခေါ်​ဆောင်စစ်​ဆေး​ခဲ့​တယ်လို့​ မ​ဝေ​ဝေသင်း​က ​ပြောပါတယ်။ ဒီ​နောက် စက်ရုံက သူတို့​သုံး​ဦး​ကို အလုပ်ထုတ်ပစ်ခဲ့​တယ်လို့​ မချိုချိုလွင်က ​ပြောပါတယ်။ အလုပ်သမသုံး​ဦး​ဟာ အာဏာပိုင်​တွေရဲ့​ ပြုမူဆက်ဆံပုံ​တွေနဲ့​ ပတ်သက်ပြီး​ မ​ကျေနပ်လို့​ နိုင်ငံ​တော်သမ္မတ၊​ အိုင်အယ်လ်အိုနဲ့​ ဌာနဆိုင်ရာကို တိုင်ကြား​တော့​မှ စက်ရုံနဲ့​ အလုပ်သမား​ဌာနရဲ့​ ပုဂ္ဂိုလ်​တွေက သူတို့​အ​ပေါ် ဆက်ဆံမှု ​နွေး​ထွေး​ပြောင်း​လဲခဲ့​တယ်လို့​ ဆိုပါတယ်။ အခုနှစ် ဇူလိုင် ၂၀ မှာ တိုင်း​အလုပ်သမား​ရုံး​က သူတို့​သုံး​ဦး​ကို ထိုက်တန်တဲ့​ နစ်နာ​ကြေး​ရမယ်လို့​ ဆင့်​ခေါ်မှုအရ သွား​ရာမှာ စက်ရုံဘက်က မ​ဝေ​ဝေလင်း​ကို ၁၂ သိန်း​၊​ မချိုချိုလွင်ကို ၁၀ သိန်း​၊​ မမြင့်​မြင့်​ထွေး​ကို ၇ သိန်း​ ​ပေး​ဖို့​ ကမ်း​လှမ်း​ခဲ့​ပြီး​ သူတို့​က စဉ်း​စား​မယ်ဆိုပြီး​ ချက်ချင်း​အ​ဖြေမ​ပေး​ခဲ့​ဘူး​လို့​ ​ပြောပါတယ်။ ​နောက်ပိုင်း​မှာ စက်ရုံရဲ့​ ​လျော်​ကြေး​ပေး​မယ်ဆိုတဲ့​ ကတိစကား​ဟာ ပျက်ပြယ်ခဲ့​တယ်လို့​ ဆိုပါတယ်။ ဒါနဲ့​ပတ်သက်လို့​ မ​ဝေ​ဝေသင်း​၊​ မချိုချိုလွင်နဲ့​ မမြင့်​မြင့်​ထွေး​တို့​က တရား​မမှုနဲ့​ တရား​စွဲဆိုမှာ ဖြစ်ပါတယ်။ “အလုပ်က ဘာလို့​ထုတ်ပစ်လည်း​ဆို​တော့​ သမီး​တို့​ကို ​ကောင်း​နေတုန်း​က ခိုင်း​စား​ပြီး​ ကျိုး​သွား​တော့​မှ ထုတ်ပစ်လိုက်တာ။ အဲဒီဟာက လုံး​ဝတာဝန်မဲ့​တယ်။ အဲဒါ​ကြောင့်​ အက်စ်ဂျီအိုင်ကို တရား​စွဲဖို့​ စီစဉ်ထား​ပါတယ်။” ဒီအမှုမှာ နစ်နာ​ကြေး​ထက် အလုပ်ရှင်​တွေနဲ့​ သက်ဆိုင်ရာ တာဝန်ရှိသူ​တွေက ​နောက်​နောင် အလုပ်သမား​တွေအ​ပေါ် ဒီလို တာဝန်မဲ့​လုပ်တာမျိုး​ ထပ်မံ မဖြစ်ပွား​ရ​အောင် ကြိုး​ပမ်း​မှုပါလို့​ သူတို့​က ​ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024