အိုင်အက်စ်လိင်ကျွန် အမျိုးသမီးများကို အွန်လိုင်းမှတဆင့် ရောင်းချရန်ကြိုးစား

မျက်နှာကိုဖုံးထားတဲ့ ခေါင်းဆောင်းနဲ့ သံလွင်သီးရောင် အသားအရေရှိတဲ့ မိန်းက လေးဟာ အသက် ၁၈ နှစ်လောက်သာ ရှိကောင်းရှိနိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်က သူ့ရဲ့ဓာတ်ပုံရဲ့ ကိုယ်ရေးမှတ်တမ်းအချက်အလက်အနေနဲ့ ခေါင်းစဉ်တပ်ထားတာကတော့ “ရောင်းချရန်”လို့ ဆိုပါတယ်။ ဒီပုံကို ပြီးခဲ့တဲ့မေလ ၂၀ ရက်နေ့မှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့မှ သူ့ကိုယ်သူ အဘူအက်စ်ဆက်ဒ်အယ်လ်မန်နီဆိုသူက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်မှာပေါ်မှာ “ညီနောင်တွေအားလုံးအတွက် ကျွန်တယောက်ဝယ်ချင်ရင် ဒါကတော့ အမေရိကန်ဒေါ်လာ ၈၀၀၀ ပါ” လို့ ရေးတင်ခဲ့တာပါ။ သူဟာ နာရီအနည်းငယ်အကြာမှာပဲ ငယ်ရွယ်ပြီး ပိန်လှီဖျော့တော့တဲ့ မျက်လုံး တွေနီမြန်းနေတဲ့ နောက်ထပ်မိန်းကလေးတဦးကို စာမျက်နှာပေါ်တင်ခဲ့ပြီး “ဒါကတော့ နောက်ကျွန်တယောက်ပါ။ ဒါကလည်း ဒေါ်လာ ၈၀၀၀ ပါပဲ” လို့ ရေးခဲ့ပါတယ်။ အဲဒီနောက် နာရီပိုင်းအတွင်းမှာပဲ ဒီပုံတွေကို ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကနေ ဖြုတ်ချခဲ့တာဖြစ်ပြီး ဒီအကောင့်ပိုင်ရှင်ဟာ ကိုယ်တိုင်ရောင်းချတာလား၊ တခြားအကြမ်း ဖက်တွေရောင်းချတဲ့ လိင်ကျွန်အမျိုးသမီးတွေကို မှတ်ချက်ပေးတာလားဆိုတာ သဲသဲ ကွဲကွဲ မသိနိုင်သေးပါဘူး။ ဒါပေမယ့် ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ အိုင်အက်စ်အကြမ်းဖက်သမား တွေဆီမှာ အမျိုးသမီးတွေ ရာနဲ့ချီရှိနေပြီး သူတို့ကို လိင်ကျွန်တွေအဖြစ် ယူဆထားကြ တာလို့ ဆိုပါတယ်။ ဒါဟာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေကို ဖိအားပေးနေသလိုဖြစ်လာခဲ့ပြီး ဒီအမျိုး သမီးတွေအနေနဲ့ ဆေးဝါးနဲ့ စားနပ်ရိက္ခာပြတ်လပ်တာတွေ၊ နေ့စဉ်လူမှုဘ၀မှာ ရင် ဆိုင်နေရမယ့် စိန်ခေါ်မှုတွေနဲ့အတူ ငွေကြေးနဲ့ လိင်ကျွန်လို အရောင်းအ၀ယ်ပြုလုပ် လာကြတာတွေကနေ ကယ်တင်ဖို့လိုနေပြီလို့ လူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာအုပ် စုတွေနဲ့ အကြမ်းဖက်မှုဆိုင်ရာလေ့လာရေးကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ အိုင်အက်စ်တွေအနေနဲ့ မကြာသေးခင်လတွေက အင်တာနက်လူမှုကွန်ရက်စာ မျက်နှာတွေကို အသုံးပြုပြီး ရောင်းဝယ်ကုန်သွယ်မှုတွေလုပ်လာကြတယ်လို့ ၀ါရှင်တန် ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ လက်ရှိ အယ်လ်မန်နီအမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ အမျိုးသားဟာ ဆီးရီး ယားနိုင်ငံ အိုင်အက်စ်အုပ်စုမှ ဂျာမန်အမျိုးသားရေးတိုက်ခိုက်သူတဦးလို့ ယူဆရပြီး သူဟာ အရင်ကလည်း တခြားဥရောပနိုင်ငံတွေမှ အာရတ်ဘာသာစကားမပြောတတ်တဲ့ စစ်သွေးကြွတွေကို မတောက်တခေါက်အင်္ဂလိပ်စကားလုံးတွေအသုံးပြုပြီး ဖေ့စ်ဘွတ်ခ် ပေါ် တင်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း အိုင်အက်စ်အုပ်စုတွေဟာ အမေရိကန်အ ခြေစိုက် လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတွေကို အသုံးပြုခဲ့ ကြပြီး ၀ါဒဖြန့်ချိရေးနဲ့ တပ်သားသစ်စုဆောင်းမှုတွေအတွက်အသုံးပြုခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကတော့ အမေရိကန်ကုမ္ပဏီတွေဟာ ဂျီဟတ်တွေရဲ့ အ ကောင့်တွေကို ပိတ်ပင်တိုက်ဖျက်ဖို့ ကြိုးစားခဲ့ကြတာပါ။ Untitled-1 copyဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာဟာ အကြမ်းဖက်တွေရဲ့ လှုပ်ရှားမှုတွေကို လျင်မြန်စွာ သိရှိနိုင်တဲ့အတွက် စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကြား နာမည်ကောင်း ရှိလာခဲ့ပေမယ့် တချိန်တည်းမှာပဲ အကြမ်းဖက်သမားတွေဘက်ကလည်း အကောင့်တခု ကိုအသုံးပြုပြီးတာနဲ့ ဖျက်ပစ်လိုက်ပြီး နောက်တခုဆီအလွယ်တကူပြန်ဖွင့်လိုက်ဖို့ လွယ် ကူနေတဲ့ လူမှုကွန်ရက် ပလက်ဖောင်းတခုဖြစ်လာနေခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up