Home
မြန်မာသတင်း
အစိုးရက ငွေစက္ကူအသစ်များ ရိုက်ထုတ်ရဦးမည်ဟု စီးပွားရေးပညာရှင်များ သုံးသပ်
ဇေယျာချမ်းအေး
·
May 29, 2016
ပို့ကုန်တန်ဖိုး မမြှင့်တင်နိုင်သေးသရွေ့ အန်အယ်လ်ဒီ အစိုးရအနေနဲ့ ငွေစက္ကူအသစ် ရိုက်နှိပ်မှုတွေကို ဆက်လုပ်နေရဦးမယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်လိုက်ပါတယ်။ အခုမေလကုန်ပိုင်းမှာ တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးစရိတ် ထုတ်ချေးဖို့ အန်အယ်လ်ဒီအစိုးရက ငွေစက္ကူအသစ်တွေ ထပ်မံရိုက်နှိပ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ အဲဒီလို ငွေစက္ကူအသစ်တွေ ထပ်မံရိုက်နှိပ်မှုကြောင့် ငွေကြေး ဖောင်းပွမှုဟာ ပိုမိုဆိုးရွားလာမှာဖြစ်ပြီး၊ အစိုးရဟာ ဘတ်ဂျက်လိုငွေပြတိုင်း အခုလို ငွေစက္ကူအသစ် ရိုက်နှိပ်မှုတွေကို ဆက်လုပ်နေရဖို့သာ ရှိနေတယ်လို့ စီးပွားရေးအကျိုး ဆောင် လုပ်ငန်းပိုင်ရှင် ဦးတင်သန်းဦးက ပြောပါတယ်။ “ငွေကြေးဖောင်းပွမှုတွေ ဖြစ်နေတဲ့ တိုင်းပြည်မှာ နောက်ထပ် ငွေကြေးအသစ် တွေ ထပ်ထုတ်တာဟာ ငွေကြေးဖောင်းပွမှုကို မြင့်မားစေတယ် ဆိုတာကလည်း အငြင်းပွားဖို့များတဲ့ အချက်ပေါ့။ ဘယ်လိုအကြောင်းကြောင့် ငွေကြေး ဖောင်းပွမှုဖြစ်တာ လဲဆိုတာ ပြန်ပြောရင်တော့ နံပါတ်တစ်အချက်က ဆရာတို့တိုင်းပြည်ရဲ့ ခိုင်မာတဲ့ ငွေ ကြေးစနစ်ကနေ နုတ်ထွက်ပြီးတဲ့ အချိန်ကစပြီးတော့ မခိုင်မာတဲ့ ငွေကြေးစနစ်ကို ရောက်တာကိုး။ အဲဒီကနေစပြီး တဖြည်းဖြည်းနဲ့ ငွေကြေး ဖောင်းပွမှုတွေ ဖြစ်တယ်လို့ ပြောတာပေါ့။ ကိုယ့် နိုင်ငံတကာသုံး ငွေကြေးနယ်ပယ်ကနေပြီးတော့ ကိုယ့်ဘာကိုယ် အလျဉ်းသင့်သလို သုံးတဲ့ ငွေကြေးနယ်ပယ်ထဲကို ပြန်ရောက်လာတဲ့အတွက် မြန်မာနိုင် ငံက ဒီဆိုးကျိုးတွေ ရလာတယ်။ နံပါတ် ၂ က ဘာလို့ ငွေကြေးဖောင်းပွမှုတွေ ဖြစ်တာ လဲဆိုတော့ ငွေကြေးတည်ငြိမ်မှုနဲ့ စည်းလုံးထိန်းချုပ်နိုင်မှု စွမ်းအားကျလာတာနဲ့အမျှ ငွေကြေးဖောင်းပွမှု ဖြစ်တယ်လို့ ပြောရမှာပါ။” အခု စိုတ်ပျိုးစရိတ်ချေးငွေ ထုတ်ပေးဖို့ ငွေစက္ကူအသစ် ရိုက်နှိပ်ရတာဟာ အစိုးရ ဘတ်ဂျက် လိုငွေပြနေတာကြောင့်ဖြစ်ပြီး၊ နှစ်ပေါင်းများစွာ အမေရိကန်နဲ့ အနောက် အင်အားကြီး နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှု ဒဏ်တွေကလည်း အခုအခြေအနေကို ရောက်ဖို့ တွန်းပို့ခဲ့လို့ ဖြစ်နေပါတယ်။ အစိုးရဝင်ငွေ တိုးတက်လာဖို့ ပို့ကုန်ကဏ္ဍကို တိုးမြှင့်ရမှာဖြစ်ပြီး ပို့ကုန်တန်ဖိုး တိုးမြင့်နိုင်ဖို့ ဘဏ်လုပ်ငန်း၊ လျှပ်စစ်နဲ့ ပို့ဆောင်ဆက် သွယ်ရေး ကဏ္ဍတွေကို အလျှင်အမြန် တိုးတက်အောင် ဆောင်ရွက်ရမယ်လို့ ကုန်သည်စက်မှုအသင်းချုပ် ဒု-ဥက္ကဋ္ဌ ဦးလှမောင်ရွှေကလည်း အခုလိုသုံးသပ်ပါတယ်။ “အရင်တုန်းကဆိုရင် ကျနော်တို့က ဒီ  United State ကို တိုက်ရိုက် ပို့လို့ မရဘူး။ မရတော့ စင်ကာပူကနေတဆင့် လုပ်ရတယ်။ အခုထိပေါ့။ အဲတော့ ကျနော်တို့ ရဲ့ Cost တွေက ပိုများလာတယ်။ စားသုံးသူ တွေပေါ်မှာ Cost ပိုကျမယ်။ ဒါတော့ ပို့ကုန်တွေအပေါ်မှာ သွားပြီးတော့ တန်ဖိုးတခု ရှိတာပေါ့။ ဒါလည်း ဖြေလျှော့တဲ့ဟာက ကျနော့်အမြင်တော့ နောက်နှစ်လောက်ဆိုရင် ဖြေလျှော့တာလည်း ဖြစ်ချင်ဖြစ်မယ်။ အခုတော့ အနည်းငယ်လောက်တော့ ကျနော်တို့အနေနဲ့ Affect ရှိနေတယ်လို့ မြင်ပါတယ်။” မြန်မာနိုင်ငံမှာ၂၀၁၅ ခုနှစ် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းထက် ၂၀၁၆ ငွေကြေး ဖောင်းပွမှုနှုန်းဟာ ဆက်လက် မြင့်တက်နေပါတယ်။ နိုင်ငံတကာက ဘဏ်လုပ်ငန်း တွေနဲ့ လက်ရှိအစိုးရအကြား ယုံကြည်မှု တည်ဆောက်နိုင်မှသာ ပြည်ပချေးငွေတွေ ထပ်မံရရှိနိုင်မှာဖြစ်ပြီး၊ ပြည်တွင်းက ဈေးကွက် လိုအပ်ချက်တွေကို ဖြည့်တင်းနိုင်မှာပါ။ အဲဒီလို မဖြည့်တင်းနိုင်ဘူးဆိုရင်တော့ ငွေစက္ကူအသစ်တွေ ထပ်မံ ရိုက်ထုတ်နေရဦးမှာသာ ဖြစ်တယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024