A d v e r t i s e m e n t With Us

အမေရိကန် ဘက်စကက်ဘောကစားသမား သေနတ်ပစ်ခံရ သေဆုံး

အမေရိကန် ဘက်စကက်ဘောကစားသမား ဘရေ့စ် ဒီဂျင်း ဂျုံးစ် (Bryce Dejean-Jones) ဟာ သေနတ်ပစ်ခံပြီး သေဆုံးသွားတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ အမေရိကန် ဒဲလက်စ်မြို့မှာရှိတဲ့ သူ့တိုက်ခန်းမှာ  မေ ၂၈ ရက်နေ့က သေနတ်ပစ်ခံလိုက်ရတာပါ။ အမျိုးသား ဘက်စကက်ဘောအသင်း NBA ကလည်း  အသက် ၂၃ နှစ်အရွယ် ဂျုံးစ် သေဆုံးသွားတာကို အတည်ပြုပါတယ်။ ရှေ့ဆက် အောင်မြင်မှုတွေ အများကြီးရဖို့ အလားအလာကောင်းတွေရှိတဲ့ လူငယ် ဘက်စကက်ဘောသမားတယောက် သေဆုံးသွားတဲ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်သလို၊ မိသားစုနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရတယ်လို့ အသင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေနတ်ပစ်ခံရပြီးနောက် ဂျုံးစ်ကို ဆေးရုံပို့ခဲ့ပြီး ဆေးရုံပေါ်မှာပဲ အသက်ပျောက်ခဲ့ပါတယ်။ အမှုကို ရဲက ဆက်လက် စုံစမ်းနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up