A d v e r t i s e m e n t With Us

နိုင်ငံတော်အတိုင်ပင် ခံ ဒေါ်အောင်ဆန်းစုကြည် ဇွန်လတွင် ထိုင်းသွားမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လအတွင်း ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရေက်မယ်လို့ သမ္မတရုံးက အတည်ပြုပြောကြား ပါတယ်။ ဒါဟာ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဒုတိယအကြိမ်မြောက် နိုင်ငံခြားခရီးဖြစ်လာမှာဖြစ်ပြီး သူဟာ အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့ လာအိုနိုင်ငံကို ပထမဆုံးသွားရောက်ခဲ့ပါတယ်။ မကြာသေးခင်ကပဲ ထိုင်းဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်းဟာ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံ ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာ-ထိုင်းကဏ္ဍစုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု  ဖွံ့ဖြိုးတိုးတက်ရေး၊  အထူးသဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up