လျှပ်စီးလက်ပြီး မိုးကြိုးပစ်ချမှုရုပ်သံ သုတေသီများဖြန့်ချိ
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ နည်းပညာ အင်စတီကျူ က သုတေသီတွေက မိုးကြိုးပစ်တဲ့ ဖြစ်စဉ်ကို ရုပ်သံနဲ့ မှတ်တမ်းတင် ရိုက်ကူးထားပါတယ်။
ဒီရုပ်သံမှာတော့ ကောင်းကင်ပေါ်က ဖြာကျလာတဲ့ လျှပ်စစ်စီးကြောင်းတွေ မြေပြင်ကို ထိမှန်ပြီး အလင်းဖြာကာ မိုးကြိုးပစ်တဲ့ ဖြစ်စဉ်ကို ရိုက်ကူး တင်ပြထားတာ ဖြစ်ပါတယ်။
စက္ကန့် အနည်းငယ်သာကြာတဲ့ ရုပ်သံဖိုင်မှာ လျှပ်စီးကြောင်းတွေ ကောင်းကင်ပေါ်က ဖြာကျလာတာကိုလည်း အနှေးပြကွက်နဲ့ သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။
မေ ၂၄ ရက် ရက်စွဲနဲ့ ဖလော်ရီဒါ နည်းပညာ အင်စတီကျူ ဖေ့ဘွတ်ခ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။