Home
မြန်မာသတင်း
UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ကို အစိုးရက ဖွဲ့ပေးရန် သဘောတူ
ရွှေအောင်
·
May 28, 2016
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ကို ပြင်ဆင်ဖွဲ့ စည်းတဲ့နေရာမှာ အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့နှစ်ခုကို ပြင်ဆင်ဖွဲ့စည်း လိုက်နိုင်ပြီး နိုင်ငံရေးပါတီအစုအဖွဲ့ ပြင်ဆင်ဖွဲ့စည်းရေးကိစ္စကိုတော့ အစိုးရကပဲ ဖွဲ့ပေးဖို့ သဘောတူလိုက်ကြပါတယ်။ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေးပါတီများ  စတဲ့ အဖွဲ့ ၃ ခုက ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့  ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ကို အသစ်ပြင်ဆင်ဖွဲ့စည်းတဲ့နေရာမှာ အဲ့ဒီရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ 13331151_1104716402883502_5758148540975688391_nအစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်အစုအဖွဲ့မှာ ပါဝင်တဲ့ ဦးလှမောင်ရွှေက မေ ၂၇ နဲ့ ၂၈၊ နှစ်ရက်ကြာ လုပ်ခဲ့တဲ့ UPDJC စည်းဝေးပွဲ အောင်မြင်တယ်လို့ ပြောပါတယ်။ “အဓိကကတော့ အစိုးရဘက်က အဖွဲ့ဝင်တွေကို အသစ်ပြန်လည်တင်ပြပြီး အတည်ပြုတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း အဖွဲ့ဝင်တွေ အသစ်တင်တယ်၊ အတည်ပြုတယ်၊ နိုင်ငံရေးပါတီတွေအတွက်ကိုတော့ မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်က အဆိုပြုတဲ့ကိစ္စကို နိုင်ငံရေးပါတီဘက်က မူအားဖြင့် လက်ခံလိုက်ပြီးတော့ ရွေးကောက်ပွဲမှာ အနည်းဆုံးတနေရာအနိုင်ရတဲ့သူကို အဖွဲ့ဝင်အဖြစ်ထည့်ပြီး ပြန်လည်ပြောင်းဖို့ကိုလည်း မူအားဖြင့် သဘောတူတဲ့အတွက် ဒီနေ့ စည်းဝေးပွဲက အောင်မြင်တယ်။” UPDJC စည်းဝေးပွဲကို နိုင်ငံရေးပါတီကိုယ်စားပြု တက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး စိုင်းကျော်ညွန့်ကတော့ အစိုးရမူဖြစ်လို့ အစိုးရပဲ တာဝန်ယူဖွဲ့ပေးဖို့ သဘောတူခဲ့ကြတာလို့ ပြောပါတယ်။ 13315513_1104716386216837_1892760398170605818_n“ကျနော်တို့ ပါတီအချင်းချင်ကျတော့ မင်း မပါနဲ့ ငါ မပါနဲ့ လုပ်လို့ မရဘူးလေ။ အဲ့ဒီတော့ ဒီကိစ္စအပေါ်မှာ အစိုးရအပေါ်ပဲ ပုံပေးလိုက်တော့တယ်၊ သူ ဘယ်လိုလုပ်မလဲပေါ့၊ သူကြိုက်တဲ့ပါတီကိုပဲ ခေါ်မလား၊ ဒါမှ မဟုတ်ရင် အနိုင်ရထားတဲ့ ၂၂ ပါတီကို အစည်းအဝေးခေါ်ပေးပြီးတော့ မဲနဲ့ ရွေးခိုင်းမှာလား၊ဘ ယ်လိုလုပ်မလဲဆိုတာ ဒါ အစိုးရတာဝန်ဖြစ်သွားပြီပေါ့။” ကော်မတီထဲပါမယ့် နိုင်ငံရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲ အနိုင်ရ ပါတီကိုယ်စားလှယ်တွေနဲ့ပဲ ဖွဲ့မယ်ဆိုတဲ့ အစိုးရရဲ့ မူဝါဒကို နိုင်ငံရေးပါတီတွေဘက်က ကန့်ကွက်ခြင်း မရှိဘူးလို့လည်း ပြောပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အသစ် ထွက်ပေါ်ပြီးရင် ဒီကော်မတီဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံစတင်ဖို့ အဓိကလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024