ကျောင်းနေနှုန်းမြင့်ပြီး ကျောင်းထွက်နှုန်း လျော့ကျရန် လုပ်မည်

Girls walk to school at the outskirts of Yangon November 4, 2015. REUTERS/Jorge Silva/Files
644
ကျောင်းနေမြဲနှုန်းမြင့်မားဖို့၊ ကျောင်းထွက်နှုန်း လျော့ကျရန် အပါအ၀င် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ပေါင်း ၈ ခုကို ရက် ၁၀၀ အတွင်း စတင်ဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။
အခြေခံပညာသင်ယူမှု အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ကျောင်းအဆင့် တိုးမြှင့်မှုတွေနဲ့ ကျောင်းအသစ် ဖွင့်လှစ်မှုတွေကို လုပ်ဆောင်သွားမယ်၊ ကျောင်းအပ်နှံရေး သီတင်းပတ် လုပ်ငန်းစဉ်ကို မေလ ၂၅ ရက်မှ ၃၁ ရက် အထိ သတ်မှတ် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
အခုနှစ်ကစတင်ပြီး KG+12 အခြေခံ ပညာရေးစနစ်အတွက် KG သင်ရိုးအသစ်အရ ဆရာကိုင်စာအုပ်အသစ် အသုံးပြု စတင်အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ပြီး အသက် ငါးနှစ်အရွယ် ကျောင်းစတက်ကြမယ့် ကလေးတိုင်း စနစ်သစ် KG တန်းမှာ ကျောင်းအပ် လက်ခံသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် KG သင်ရိုးအသစ်နဲ့ ကာယ၊ ဉာဏ ဖွံ့ဖြိုးမှုနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ပြုစုပျိုးထောင်မှုနဲ့ သင်ကြား ပို့ချသွားမယ်လို့လည်း ဆိုပါတယ်။
ကျောင်းအပ်တဲ့အခါ ငွေကြေးနဲ့ လက်ဆောင်ပစ္စည်း လက်သင့်မခံတဲ့ ကျောင်းအပ်နှံနိုင်ဖို့ လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။