Home
မြန်မာသတင်း
ကော့သောင်းတွင် မူးယစ်ဆေးဝါးများနှင့် လက်လုပ်သေနတ် ၂ လက် ဖမ်းမိ
DVB
·
May 28, 2016
တနင်္သာရီတိုင်း ကော့သောင်းမြို့က နေအိမ်ခြံဝင်းတခုအတွင်းမှာ စိတ်ကြွဆေးပြားတွေ၊ လက်လုပ်သေနတ် ၂ လက်နဲ့အတူ အမျိုးသား ၂ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ကော့သောင်းမြို့ ဆယ်မိုင်ကျေးရွာအုပ်စု တာညုံပါဒကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်းမှာ မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းအရ မေ ၂၇ ရက်နေ့ညက ကော့သောင်းမြို့ ရဲတပ်ဖွဲ့က ၀င်ရောက် ရှာဖွေရာကနေ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ ၀င်ရောက်ရှာဖွေရာမှာ နေအိမ်ငှားရမ်းနေထိုင်သူ ဇော်လွင်ဦးနဲ့ မူးယစ်ဆေးဝါးသုံးစွဲဖို့ ရောက်ရှိနေသူ မျိုးသက်ဦး တို့နဲ့အတူ ငှက်လှောင်အိမ်အတွင်း ဝှက်ထားတဲ့ WYပန်းရောင်စိတ်ကြွဆေးပြား ၄၀ လောက်နဲ့ လက်လုပ်ယမ်းထောင်း သေနတ် ၂ လက်ကို ဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူတို့ နှစ်ဦးကို မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှု၊ တရားမဝင်လက်နက်ကိုက်ဆောင်မှုပုဒ်မတွေနဲ့ တရားစွဲဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ သတင်းနှင့်ဓာတ်ပုံ - လတ်ကိုကိုဦး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024