အိန္ဒိယ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှု နောက်ဆုံး အခြေအနေ
DVB
·
September 6, 2011
အိန္ဒိယနိုင်ငံမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားသူ အန်နာ ဟာဇရေးဟာ ဒေလီ မြို့တော်မှာ ၁၂ ရက်တာ ဆန္ဒပြမှုကို အဆုံးသတ်ပြီးနောက် သူနေထိုင်တဲ့ရွာကို ပြန်သွားပါ ပြီ။ အသက် ၇၄ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာဟဇရေးက သူအဆိုပြုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမူကြမ်းအတွက် ပါလီမန်အမတ်တွေရဲ့ တခဲနက်ထောက်ခံမှုကို ရရှိပြီး နောက် အစာငတ်ခံ ဥပုသ်စောင့်တာကို ရပ်လိုက်ပါတယ်။
အိန္ဒိယလူထုဟာ အစိုးရရဲ့ အကျင့်ခြစားမှုတွေကြောင့် ဒေါသထွက်နေပြီး မစ္စတာ ဟဇရေးရဲ့ လှုပ်ရှားမှုကို မယုံကြည်လောက်အောင် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါ တယ်။
ဒီလှုပ်ရှားမှုဟာ အောင်မြင်မှုတွေ ရရှိသလို ဒီလှုပ်ရှားမှုအပေါ် ဝေဖန်သံတွေလည်း ပေါ်ထွက်ခဲ့ကြောင်း နယူးဒေလီမြို့က သတင်းထောက် ဘစ္စမီလာဂီလာနီ (Bismillah Geelani) က သတင်း ပေးပို့ထားပါတယ်။
(Asia Calling သတင်းဆောင်းပါးကို ရဲမြင့်ကျော် ဘာသာပြန်ပြီး ယုယမိုး စီစဉ် တင်ဆက်ထားတာပါ။)
အသံ နားဆင်ရန်