A d v e r t i s e m e n t With Us

အင်းတော်တွင် ခရီးသည်တင်ယာဉ်က ရပ်နားထားသည့် ၆ ဘီးယာဉ်ကို ၀င်တိုက်

အင်းတော်မြို့နယ် ပင်ဝယ်ရွာနဲ့ ပင့်တင်ရွာကြားမှာ ကချင်မန္တလာခရီးသည်တင်ယာဉ်က ရပ်နားထားတဲ့ ယာဉ်တစီးကို ၀င်တိုက်တာကြောင့် ၂ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ဒီနေ့မနက်အစောပိုင်းက မြစ်ကြီးနားကနေ မန္တလေးဘက် မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်ဟာ ကသာခရိုင်၊ အင်းတော်မြို့နယ် ပင်ဝယ်ရွာနဲ့ ပင့်တင်ရွာကြားမှာ ရပ်နားထားတဲ့ ၆ ဘီးယာဉ်တစီးကို ၀င်တိုက်မိလို့ သေဆုံးဒဏ်ရာရခဲ့ကြတာပါ။ ယာဉ်တိုက်မှုကြောင့် ကချင်မန္တလာ ခရီးသည်တင်ယာဉ်မောင်းနဲ့ ခရီးသည် တဦး သေဆုံးသွားတယ်လို့ အင်းတော်ရဲစခန်းက ပြောပါတယ်။ ဒဏ်ရာရသူ ၁၁ ဦးကိုတော့ အင်းတော်ဆေးရုံမှာ ပို့ဆောင်ကုသထားပြီး အဲဒီထဲက ၃ ဦး ဒဏ်ရာပြင်းထန်တာကြောင့် မန္တလေးဆေးရုံကို ပို့ဆောင်ကုသဖို့ စီစဉ်နေတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး အင်းတော်မြို့နယ် မော်လူးနယ်မြေ ရဲစခန်းက ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ရိုက်ကူး ကိုကိုလင်း(အင်းတော်)  

A d v e r t i s e m e n t With Us

More News
Up