လီဝမ်ဒေါ့စကီး အပြောင်းအရွှေ့အတွက် ရီးရဲလ်နှင့် ဆွေးနွေးနေ
ဂျာမနီဘွန်ဒစ်လီဂါ ဘိုင်ယန်မြူးနစ်က တိုက်စစ်မှူး လီဝမ်ဒေါ့စကီးဟာ စပိန်လာလီဂါက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးနေပါတယ်။
ရီးရဲလ်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ လီဝမ်ဒေါစကီးရဲ့ ကိုယ်စားလှယ်က အတည်ပြုပါတယ်။
အရင်ကလည်း အင်္ဂလန် ဒါမှမဟုတ် စပိန်ကို ပြောင်းရွှေ့မယ်လို့ လီဝမ်ဒေါစကီးက ပြောဆိုထားသလို အခုတော့ ရီးရဲလ်အသင်းက ဆက်သွယ်နေတာ ဖြစ်ပါတယ်။
တနှစ်ကို ယူရို ၂၅ သန်းနဲ့ လီဝမ်ဒေါ့စကီးကို ၆ နှစ် စာချုပ်ချုပ်ဆိုဖို့ ရီးရဲလ်က ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။
ပိုလန်လက်ရွေးစင် လီဝမ်ဒေါစကီးဟာ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ဂိုး ၃၀ သွင်းယူပေးထားပါတယ်။