A d v e r t i s e m e n t With Us

အင်္ဂလန် ၂-၁ သြစတြေးလျ၊ အသက်အငယ်ဆုံး ဂိုးသွင်းရှင် ရပ်ရှ်ဖိုဒ့် (ရုပ်သံဟိုက်လိုက်)

အင်္ဂလန်နဲ့ သြစတြေးလျတို့ ခြေစမ်းပွဲမှာ ပထမဆုံး နိုင်ငံတကာပွဲကို ၀င်ရောက်ကစားပေးတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ရပ်ရှ်ဖိုဒ့်က အင်္ဂလန်အသင်းအတွက် အသက်အငယ်ဆုံး ဂိုးသွင်းတဲ့သူ ဖြစ်လာပါတယ်။ ပွဲစပြီး ၃ မိနစ်အကြာမှာ ရပ်ရှ်ဖိုဒ်က အဖွင့်ဂိုးကို သွင်းယူခဲ့တဲ့ အတွက် အသက် ၁၈ နှစ်၊ ၂၀၈ ရက်နဲ့ အင်္ဂလန် အသင်းအတွက် အငယ်ဆုံး ဂိုးသွင်းရှင် ဖြစ်လာပါတယ်။ အရင်က အသက် ၁၉ နှစ်နဲ့ ၁၆ ရက်နဲ့ အငယ်ဆုံး ဂိုးသွင်းယူခဲ့တဲ့ တော်မီလောတွန်ရဲ့ စံချိန်ကို ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ရပ်ရှ်ဖိုဒ့်ပါဝင်ကစားတဲ့ ၆၃ မိနစ်လုံးလုံး သူဟာ တခြားအသင်းကို ခြိမ်းခြောက် ဒုက္ခပေးနိုင်တဲ့သူတဦးဖြစ်တယ်လို့ သတင်းတွေက ရေးပါတယ်။ ဒီဂိုးကြောင့် ရပ်ရှ်ဖိုဒ့်ဟာ မေ ၃၁ ရက်မှာ ကြေညာမယ့် အင်္ဂလန်အသင်းရဲ့ အပြီးသတ် လူစာရင်းမှာလည်း ပါဝင်နိုင်ဖွယ်ရှိနေတယ်လို့ သတင်းတွေက ရေးပါတယ်။ သြစတြေးလျနဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယဂိုးကို ရွန်နီက ဒုတိယပိုင်း ၅၅ မိနစ်မှာ သွင်းယူပါတယ်။ သြစတြေးလျအတွက် ဂိုးကတော့ ဒုတိယပိုင်း ၇၅ မိနစ် ဒိုင်ယာရဲ့ ဂိုးကနေတဆင့် ရရှိသွားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up