အင်္ဂလန် အလယ်တန်းလူ ဒဲလ် ယူရို ၂၀၁၆ လွဲချော်မည်

813
အင်္ဂလန်အသင်းက အလယ်တန်းလူ ဖေဘီယန် ဒဲလ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် ယူရို ၂၀၁၆ ကို လွဲချော်မယ်လို့ နည်းပြ ရွိုင်ဟော့ဆန်က ပြောပါတယ်။
မန်စီးတီး အလယ်တန်းလူ ဒဲလ်ဟာ ဒဏ်ရာကြောင့် မေ ၂၇ ရက် သြစတြေးလျားနဲ့ ပွဲကိုကစားနိုင်မှာ မဟုတ်သလို ယူရိုအတွက် အင်္ဂလန်ရဲ့ ၂၃ ယောက် ကစားသမား စာရင်းမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
ဒဲလ်ဟာသူတို့နဲ့ အတူမဟုတ်သလို သူဟာ အင်္ဂလန်ရဲ့ ၂၃ ယောက် လူစာရင်းမှာ ပါဝင်နိုင်ဖွယ် မရှိဘူးလို့ ဟော့ဆန်က ပြောပါတယ်။
၂၀၁၅-၁၆ ဘောလုံးရာသီမှာ ဒဲလ်ဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး စီးတီးအတွက် ပွဲ ၃၀ ပါဝင်ကစားပေးထားပါတယ်။
မေ ၃၁ ရက် ဥရောပ ဘောလုံးအဖွဲ့ချုပ်ကို အပြီးသတ် ၂၃ ဦး ကစားသမား စာရင်း တင်သွင်းဖို့ လက်ရှိ ရွေးချယ်ထားတဲ့ ၂၆ ဦးစာရင်းကနေ ၃ ဦးကို ဟော့ဆန်က အခုရက်ပိုင်းအတွင်း ချန်လှပ်ရမှာဖြစ်ပါတယ်။